Meta ဟာ မကြာခင် Ray-Ban Meta စမတ်မျက်မှန်ကို ရောင်းချတော့မယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ မျက်မှန်မှာ AI စွမ်းရည်ပါလာမှာပါ။ အမေရိကန်မှ User တွေဟာ မြင်ကွင်းအရှေ့က အရာဝတ္ထုတွေကို ဖော်ပြပေးဖို့ မျက်မှန်ရဲ့ ကင်မရာနဲ့ မိုက်ကရိုဖုန်းကို အသုံးပြုမယ့် Virtual Assistant ကို ဆင့်ခေါ်ဖို့ “Hey Meta” လို့ ပြောနိုင်မှာပါလို့ Meta က ပြောပါတယ်။

Meta Ray Ban Smart Glasses

Meta CEO ဇူကာဘတ်က အင်စတာဂရမ်က ဗီဒီယို တစ်ခုမှာ Ray-Ban Meta စမတ်မျက်မှန်ရဲ့ AI စွမ်းရည်ကို သရုပ်ပြသခဲ့ပါတယ်။ ဇူကာဘတ်က အဲဒီ မျက်မှန်ကို Multimodal AI မှာ စမ်းသပ်ထားတာကို ပြခဲ့ပါတယ်။ Multimodal AI နည်းပညာက မျက်မှန်ကို မြင်နိုင်၊ ကြားနိုင်စေပြီး အင်စတာဂရမ်မှ Reel ဗီဒီယိုမှာ အထင်ကြီးစရာ AI စွမ်းရည်ကို မြင်ရပါတယ်။

CEO က Hey Meta ဟာ လိုအပ်ချက်နဲ့ မြင်တွေ့ရတဲ့ အရာတွေအပေါ် မူတည်ကာ User ဝတ်ဆင်ရမယ့် အဝတ်အစားတွေကိုတောင် ရွေးချယ်ပေးနိုင်တယ်လို့ ပြောပါတယ်။ Ray-Ban စမတ်မျက်မှန်ရဲ့ Meta AI ကို စမ်းသပ်တဲ့ အဆင့်ကို အမေရိကန်မှာ Early-access Program ကနေပါဝင်နိုင်မှာပါ။

Meta CEO Mark Zuckerberg Unveils Redesigned Ray-Ban Meta Smart Glasses for  Live Streaming

Meta က အမေရိကန်မှာ Ray-Ban Meta Device အားလုံးထံ Meta AI real-time Information ကို ဖြန့်ချိပေးမယ်လို့ ပြောပါတယ်။ Meta ဟာ AI စွမ်းရည်ပါတဲ့ Ray-Ban Meta စမတ်မျက်မှန်ရဲ့ အကြို Version ကို အမေရိကန်မှာ စတင် ဖြန့်ချိမှာပါ။ အဲဒီနောက်ကျမှ ရောင်းတန်းဝင် Version ကို ရောင်းချမှာပါ။

Ref : gizmochina