တကယ်လို့ Marvel ရုပ်ရှင်တွေကြည့်ဖူးတယ်၊ Iron Man ၊ Spiderman နဲ့ Captain America တို့က သင့်ရဲ့ အကြိုက်ဆုံး Superhero တွေဆိုရင် အခု Marvel Strike Force ဂိမ်းက သင့်အတွက်ဖြစ်မှာပါ။

အခု Marvel Strike Force ဂိမ်းက အခုအချိန်မှာ Marvel ကနေ တရားဝင်ထုတ်လုပ်ပေးထားတဲ့ နောက်ဆုံး ဂိမ်းတစ်ခုဖြစ်လာပြီးတော့ iOS Devices တွေဖြစ်တဲ့ iPhone ၊ iPad တွေတင်မဟုတ်ပဲ Android ဖုန်းတွေအတွက်ပါ ထွက်ရှိလာတာဖြစ်ပါတယ်။

အခု Marvel Strike Force ဂိမ်းဟာ Marvel Character ပေါင်း ၆၀ ကျော်ရွေးချယ်နိုင်မှာဖြစ်ပြီးတော့ တစ်ဆင့်ချင်းစီ Unlock လုပ်သွားနိုင်မှာဖြစ်ပါတယ်။ အသင်းဖွဲ့ပြီးလည်း ရန်သူတွေကို ချနိုင်တဲ့အတွက် အခု ဂိမ်းကတော်တော်လေးကို ဆော့လို့ကောင်းတယ်လို့ ပြောလို့ရပါတယ်။

ကဲ… Marvel ရဲ့ နောက်ဆုံးထွက် Marvel Strike Force ဂိမ်းကို ဆော့လိုက်ရအောင်။