realme ကနေ လက်ရှိအချိန်မှာ Battery အများဆုံးပါဝင်တဲ့ဖုန်းတွေအနေနဲ့ 5000mAh Battery ပါဝင်တဲ့ realme 6i နဲ့ realme C3 လိုမျိုး စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း realme ကနေ 6000mAh Battery ပါဝင်တဲ့စမတ်ဖုန်းကို မိတ်ဆက်သွားဦးမှာပါ။

အခုသတင်းကိုတော့ TUV Certification တစ်ခုကနေ သိရှိခဲ့ရတာဖြစ်ပြီး realme ရဲ့ စမတ်ဖုန်းမှာ အသုံးပြုလာမယ့် Battery Model BLP793 အကြောင်းကို အသေးစိတ်သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ် realme စမတ်ဖုန်းမှာ အသုံးပြုလာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

လောလောဆယ်မှာတော့ realme ကနေ India မှာ Narzo 10 Series စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပေမယ့် အဆိုပါ Narzo 10 Series ဖုန်းတွေဟာ လက်ရှိထွက်ရှိထားပြီးဖြစ်တဲ့ realme C3 နဲ့ 6i စမတ်ဖုန်းတွေကိုပဲ နာမည်ပြောင်းလဲပြီးမိတ်ဆက်လာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဆိုပါ Narzo 10 Series ဖုန်းတွေမှာတော့ 6000mAh Battery ပါဝင်လာဦးမှာမဟုတ်ပါဘူး။

နောက်ထပ် realme ကနေ realme X3 Series စမတ်ဖုန်းတွေနဲ့ realme U2 စမတ်ဖုန်းကိုလည်း မိတ်ဆက်လာနိုင်တဲ့အတွက် အဆိုပါဖုန်းတွေမှာများ 6000mAh Battery အထိပါဝင်လာနိုင်မလားဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ realme C3 ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် realme C4 ဖုန်းသစ်မှာ ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena