[Zawgyi]

Huawei Mate 20 Pro ဟာ DxOMark မွာ ကင္မရာ အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ သတ္မွတ္ခံလိုက္ရတယ္ဆိုေပမယ့္ ရမွတ္ကေတာ့ P20 Pro ရဲ႕ ရမွတ္နဲ႔ အတူတူပါပဲ။ ဒါ့ေၾကာင့္ DxOMark Mobile ရဲ႕ အမွတ္ေပးဇယား ထိပ္ဆုံးေနရာကို Huawei Mate 20 Pro နဲ႔ P20 Pro တို႔က ရမွတ္ ၁၀၉မွတ္နဲ႔ ပူးတြဲဦးေဆာင္ေတာ့မွာ ျဖစ္ပါတယ္။

Huawei Mate 20 Pro နဲ႔ P20 Pro တို႔က ရမွတ္ေတြ တူခဲ့ၾကေပမယ့္ အသုံးျပဳထားတဲ့ ကင္မရာ Sensor နည္းပညာေတြကေတာ့ အနည္းငယ္ကြဲလြဲၾကပါတယ္။ Huawei P20 Pro မွာတုန္းက 40MP Main (f/1.8) + 20MP Monochrome (f/1.6) + 8MP Telephoto 3x Optical Zoom (f/2.4) Lens ေတြကို အသုံးျပဳခဲ့ေပမယ့္ Mate 20 Pro မွာေတာ့ 40MP Main (f/1.8) + 20MP Ultrawide (f/2.2) + 8MP Telephoto 5x Optical Zoom (f/2.4) Lens ေတြကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

DxOMark Mobile ရဲ႕ အမွတ္ေပးဇယားမွာ Huawei Mate 20 Pro နဲ႔ P20 တို႔ၿပီးရင္ တတိယအေကာင္းဆုံး စမတ္ဖုန္းအေနနဲ႔ ရပ္တည္ေနသူကေတာ့ Apple ရဲ႕ iPhone XS Max ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ DxOMark ကေန ႏႈိင္းယွဥ္႐ိုက္ကူးထားတဲ့ Huawei Mate 20 Pro, Huawei P20 Pro နဲ႔ Apple iPhone XS Max တို႔ရဲ႕ ဓာတ္ပုံေတြကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

Ref : DxOMark Mobile

[Unicode]

DxOMark မှာ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ Huawei Mate 20 Pro

Huawei Mate 20 Pro ဟာ DxOMark မှာ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်ခံလိုက်ရတယ်ဆိုပေမယ့် ရမှတ်ကတော့ P20 Pro ရဲ့ ရမှတ်နဲ့ အတူတူပါပဲ။ ဒါ့ကြောင့် DxOMark Mobile ရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို Huawei Mate 20 Pro နဲ့ P20 Pro တို့က ရမှတ် ၁၀၉မှတ်နဲ့ ပူးတွဲဦးဆောင်တော့မှာ ဖြစ်ပါတယ်။

Huawei Mate 20 Pro နဲ့ P20 Pro တို့က ရမှတ်တွေ တူခဲ့ကြပေမယ့် အသုံးပြုထားတဲ့ ကင်မရာ Sensor နည်းပညာတွေကတော့ အနည်းငယ်ကွဲလွဲကြပါတယ်။ Huawei P20 Pro မှာတုန်းက 40MP Main (f/1.8) + 20MP Monochrome (f/1.6) + 8MP Telephoto 3x Optical Zoom (f/2.4) Lens တွေကို အသုံးပြုခဲ့ပေမယ့် Mate 20 Pro မှာတော့ 40MP Main (f/1.8) + 20MP Ultrawide (f/2.2) + 8MP Telephoto 5x Optical Zoom (f/2.4) Lens တွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

DxOMark Mobile ရဲ့ အမှတ်ပေးဇယားမှာ Huawei Mate 20 Pro နဲ့ P20 တို့ပြီးရင် တတိယအကောင်းဆုံး စမတ်ဖုန်းအနေနဲ့ ရပ်တည်နေသူကတော့ Apple ရဲ့ iPhone XS Max ဖြစ်ပါတယ်။ ဒါ့ကြောင့် DxOMark ကနေ နှိုင်းယှဥ်ရိုက်ကူးထားတဲ့ Huawei Mate 20 Pro, Huawei P20 Pro နဲ့ Apple iPhone XS Max တို့ရဲ့ ဓာတ်ပုံတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Ref : DxOMark Mobile