Zawgyi

မ်ဳိးဆက္သစ္မုိဘုိင္းနက္ဝပ္ 5G ၿပိဳင္ပြဲကေတာ့ Foldable ၿပိဳင္ပြဲကို ေက်ာ္တက္ေတာ့မွာပါ။ ယေန႔မွာ တရုတ္အေျခစိုက္ Huawei ကုမၸဏီဟာ သူတုိ႔ရဲ႕ Mate 20 X (5G) စမတ္ဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ႀကိဳတင္ေၾကျငာထားတဲ့အတုိင္း ယေန႔မွာ ထုတ္ေဖာ္ေၾကျငာခဲ့ပါတယ္။

5G ေတာ္လွန္ေရးအတြက္ ေစာေစာစီးစီးပါဝင္လာမယ့္ Mate 20 X (5G) စမတ္ဖုန္းသစ္ဟာ 8GB RAM နဲ႔ 256GB Storage မန္မုိရီဗားရွင္းအတြက္ တရုတ္ယြမ္ေငြ ၆,၁၉၉ (ျမန္မာေငြ ၁၃ သိန္းခြဲ) ခန္႔က်သင့္မွာပါ။ ေလာေလာဆယ္ အမွာစာေတြ စတင္လက္ခံေနၿပီျဖစ္ၿပီး ေစ်းကြက္ထဲ ေရာက္လာမယ့္ရက္က ၾသဂုတ္ ၁၆ ရက္ျဖစ္တယ္လို႔ Huawei ကေၾကျငာလိုက္ပါတယ္။

Mate 20 X (5G) စမတ္ဖုန္းဟာ မႏွစ္က ထြက္ရွိခဲ့တဲ့ Mate 20 X နဲ႔အရမ္းႀကီးေတာ့ ကြာျခားမႈမရွိပါဘူး။ ယခင္ဗားရွင္းမွာ 6 / 128 GB မန္မုိရီျဖစ္ၿပီး 5,000 mAh ဘကၳရီနဲ႔ 22.5W အားအျမန္သြင္းစနစ္တုိ႔ ပါဝင္တယ္။ 5G မွာေတာ့ မန္မုိရီပုိမ်ားလာၿပီး 4,200 mAh ဘကၳရီမွာလည္း 40W ထိ ေထာက္ပ့ံေပးမွာျဖစ္ပါတယ္။

တရုတ္ျပည္တြင္းမွာေတာ့ 5G အတြက္ ဟန္းဆက္ေတြဟာ ၿပိဳင္ဆုိင္မႈျပင္းထန္ေနၿပီျဖစ္ၿပီး ဥေရာပနဲ႔ အေမရိကန္အပါအဝင္ က်န္တဲ့ ႏုိင္ငံေတြမွာေတာ့ ကြန္ရက္ကို ေျဖးေျဖးမွန္မွန္သာ ခ်ဲ႕ထြင္လာေနတုန္း ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

မျိုးဆက်သစ်မိုဘိုင်းနက်ဝပ် 5G ပြိုင်ပွဲကတော့ Foldable ပြိုင်ပွဲကို ကျော်တက်တော့မှာပါ။ ယနေ့မှာ တရုတ်အခြေစိုက် Huawei ကုမ္ပဏီဟာ သူတို့ရဲ့ Mate 20 X (5G) စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကြိုတင်ကြေငြာထားတဲ့အတိုင်း ယနေ့မှာ ထုတ်ဖော်ကြေငြာခဲ့ပါတယ်။

5G တော်လှန်ရေးအတွက် စောစောစီးစီးပါဝင်လာမယ့် Mate 20 X (5G) စမတ်ဖုန်းသစ်ဟာ 8GB RAM နဲ့ 256GB Storage မန်မိုရီဗားရှင်းအတွက် တရုတ်ယွမ်ငွေ ၆,၁၉၉ (မြန်မာငွေ ၁၃ သိန်းခွဲ) ခန့်ကျသင့်မှာပါ။ လောလောဆယ် အမှာစာတွေ စတင်လက်ခံနေပြီဖြစ်ပြီး ဈေးကွက်ထဲ ရောက်လာမယ့်ရက်က သြဂုတ် ၁၆ ရက်ဖြစ်တယ်လို့ Huawei ကကြေငြာလိုက်ပါတယ်။

Mate 20 X (5G) စမတ်ဖုန်းဟာ မနှစ်က ထွက်ရှိခဲ့တဲ့ Mate 20 X နဲ့အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး။ ယခင်ဗားရှင်းမှာ 6 / 128 GB မန်မိုရီဖြစ်ပြီး 5,000 mAh ဘက္ထရီနဲ့ 22.5W အားအမြန်သွင်းစနစ်တို့ ပါဝင်တယ်။ 5G မှာတော့ မန်မိုရီပိုများလာပြီး 4,200 mAh ဘက္ထရီမှာလည်း 40W ထိ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

တရုတ်ပြည်တွင်းမှာတော့ 5G အတွက် ဟန်းဆက်တွေဟာ ပြိုင်ဆိုင်မှုပြင်းထန်နေပြီဖြစ်ပြီး ဥရောပနဲ့ အမေရိကန်အပါအဝင် ကျန်တဲ့ နိုင်ငံတွေမှာတော့ ကွန်ရက်ကို ဖြေးဖြေးမှန်မှန်သာ ချဲ့ထွင်လာနေတုန်း ဖြစ်ပါတယ်။

Ref – GSM Arena