Zawgyi

Huawei အေနနဲ႔ Mate 20 စမတ္ဖုန္းေတြကို ဒီေန႔ည ျမန္မာ စံေတာ္ခ်ိန္ ၇နာရီခြဲမွာ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ အေစာပိုင္းက ထြက္ရွိခဲ့တဲ့ ေကာလဟလ သတင္းေတြေၾကာင့္ Mate 20 နဲ႔ Mate 20 Pro တို႔ရဲ႕ အခ်က္အလက္ေတြကိုသာ သိရွိခဲ့တာ ျဖစ္ၿပီး Gaming စမတ္ဖုန္း တစ္လုံး ျဖစ္တဲ့ Mate 20X အေၾကာင္းကိုေတာ့ ေနာက္ပိုင္းမွ သိရွိခဲ့ရပါတယ္။ ဒီေန႔မွာလည္း အဆိုပါ Mate 20X စမတ္ဖုန္းမွာ Stylus Pen တစ္ေခ်ာင္း ပါဝင္ေၾကာင္း သတင္းမ်ား ထပ္မံ ထြက္ေပၚလာျပန္ပါတယ္။

Huawei Store ထဲမွာ ႐ိုက္ကူးထားတဲ့ ပုံတစ္ပုံဟာ Weibo ဝက္ဆိုက္ကေန တစ္ဆင့္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အဆိုပါ ပုံမွာ Mate 20 Stand နဲ႔အတူ စမတ္ဖုန္း ၃လုံး၊ Stylus Pen တစ္ေခ်ာင္းပါဝင္ေနတာကို ေတြ႕ရပါတယ္။ အ႐ြယ္အစား တူညီေနတဲ့ ဘယ္ဘက္က စမတ္ဖုန္း ၂လုံးက Mate 20 နဲ႔ Mate 20 Pro ျဖစ္ႏိုင္ၿပီး ညာဘက္က ဆိုဒ္ႀကီးႀကီး စမတ္ဖုန္းကေတာ့ Mate 20X ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ အဆိုပါ Mate 20X ရဲ႕ ေဘးဘက္မွာလည္း Stylus Pen တစ္ေခ်ာင္းေထာင္ထားတာကို ေတြ႕ရမွာပါ။

Samsung ရဲ႕ Note စီးရီး စမတ္ဖုန္းေတြမွာလိုမ်ိဴး ဖုန္းထဲမွာ တစ္ခါတည္း ထည့္သြင္းထားတာ မဟုတ္ဘဲ သီးသန္႔ဝယ္ယူရမယ့္ အေနအထားမွာ ရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ Gaming စမတ္ဖုန္း တစ္လုံး ျဖစ္လာမယ့္ Mate 20X မွာ Stylus Pen ကို ဘယ္လို အသုံးခ်မလဲ ဆိုတာကေတာ့ ေတာ္ေတာ္ေလး စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။

Ref: GizmoChina

Unicode

Stylus Pen ပါဝင်လာနိုင်တဲ့ Gaming စမတ်ဖုန်း Mate 20X

Huawei အနေနဲ့ Mate 20 စမတ်ဖုန်းတွေကို ဒီနေ့ည မြန်မာ စံတော်ချိန် ၇နာရီခွဲမှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အစောပိုင်းက ထွက်ရှိခဲ့တဲ့ ကောလဟလ သတင်းတွေကြောင့် Mate 20 နဲ့ Mate 20 Pro တို့ရဲ့ အချက်အလက်တွေကိုသာ သိရှိခဲ့တာ ဖြစ်ပြီး Gaming စမတ်ဖုန်း တစ်လုံး ဖြစ်တဲ့ Mate 20X အကြောင်းကိုတော့ နောက်ပိုင်းမှ သိရှိခဲ့ရပါတယ်။ ဒီနေ့မှာလည်း အဆိုပါ Mate 20X စမတ်ဖုန်းမှာ Stylus Pen တစ်ချောင်း ပါဝင်ကြောင်း သတင်းများ ထပ်မံ ထွက်ပေါ်လာပြန်ပါတယ်။

Huawei Store ထဲမှာ ရိုက်ကူးထားတဲ့ ပုံတစ်ပုံဟာ Weibo ဝက်ဆိုက်ကနေ တစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါ ပုံမှာ Mate 20 Stand နဲ့အတူ စမတ်ဖုန်း ၃လုံး၊ Stylus Pen တစ်ချောင်းပါဝင်နေတာကို တွေ့ရပါတယ်။ အရွယ်အစား တူညီနေတဲ့ ဘယ်ဘက်က စမတ်ဖုန်း ၂လုံးက Mate 20 နဲ့ Mate 20 Pro ဖြစ်နိုင်ပြီး ညာဘက်က ဆိုဒ်ကြီးကြီး စမတ်ဖုန်းကတော့ Mate 20X ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ Mate 20X ရဲ့ ဘေးဘက်မှာလည်း Stylus Pen တစ်ချောင်းထောင်ထားတာကို တွေ့ရမှာပါ။

Samsung ရဲ့ Note စီးရီး စမတ်ဖုန်းတွေမှာလိုမျိူး ဖုန်းထဲမှာ တစ်ခါတည်း ထည့်သွင်းထားတာ မဟုတ်ဘဲ သီးသန့်ဝယ်ယူရမယ့် အနေအထားမှာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် Gaming စမတ်ဖုန်း တစ်လုံး ဖြစ်လာမယ့် Mate 20X မှာ Stylus Pen ကို ဘယ်လို အသုံးချမလဲ ဆိုတာကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Ref: GizmoChina