[Zawgyi]

ဒီေန႔ေခတ္ စမတ္ဖုန္းေတြက ကြန္ပ်ဴတာတစ္လုံးလိုမ်ိဴး အသုံးျပဳလို႔ ရေနၿပီဆိုေပမယ့္ မ်က္ႏွာျပင္အ႐ြယ္အစားမွာေတာ့ ကန္႔သတ္ခ်က္ေတြ ရွိေနပါေသးတယ္။ ဒါေၾကာင့္လည္း Tablet ဆိုတဲ့ အရာေတြ တည္ရွိေနရျခင္း ျဖစ္ပါတယ္။

Tablet ေတြကို မ်ားေသာအားျဖင့္ ေဖ်ာ္ေျဖေရးက႑အတြက္ အသုံးျပဳၾကသလို လုပ္ငန္းပိုင္းဆိုင္ရာေတြအတြက္လည္း အသုံးျပဳၾကပါတယ္။ ဒါ့အျပင္ Tablet ေတြဟာ ကေလးသူငယ္နဲ႔ လူႀကီးမိဘေတြအတြက္လည္း သင့္ေတာ္တဲ့ Electronic Devices ေတြျဖစ္ၾကပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔ MyTech Myanmar အေနနဲ႔ ကေလးသူငယ္၊ လူႀကီးမိဘေတြအတြက္ သင့္ေတာ္ၿပီး၊ ေဖ်ာ္ေျဖေရးက႑နဲ႔ လုပ္ငန္းပိုင္းဆိုင္ရာေတြမွာ အဆင္ေျပေျပ အသုံးျပဳႏိုင္မယ့္ HUAWEI ရဲ႕ MediaPad M5 lite အေၾကာင္းကို အနည္းငယ္ မွ်ေဝေပးခ်င္ပါတယ္။

MediaPad M5 lite ဟာ Resolution 1920 x 1200 pixels ရွိ 8” IPS LCD Display ကို အသုံးျပဳထားတဲ့ Tablet အမ်ိဴးအစားျဖစ္ပါတယ္။ 900:1 Contrast Ratio နဲ႔ျဖစ္ၿပီး Pixel Density က 283 ppi ရွိပါတယ္။ Tablet နဲ႔ စာဖတ္တဲ့သူေတြ ဒါမွမဟုတ္ Tablet အသုံးမ်ားတဲ့သူေတြအတြက္ မ်က္လုံးထိခိုက္မႈ ေလ်ာ့နည္းေအာင္ အျပာေရာင္ အလင္းတန္းေတြကို ေလွ်ာ့ခ်ေပးမယ့္ Eye-comfort Mode ပါဝင္ပါတယ္။ Audio အပိုင္းမွာ Stereo Speakers ေတြကို တပ္ဆင္ထားၿပီး Harman Kardon က Tune လုပ္ေပးထားတဲ့အတြက္ ေကာင္းမြန္တဲ့ အသံပိုင္းဆိုင္ရာ အရည္အေသြးေတြကို ရရွိေစမွာပါ။ ဒါ့အျပင္ ၃၆၀ ဒီဂရီ အသံစနစ္အတြက္ HUAWEI ရဲ႕ Histen 5.0 Sound Effect နည္းပညာလည္း ပါဝင္ဦးမွာ ျဖစ္ပါတယ္။

စြမ္းေဆာင္ရည္အပိုင္းအတြက္ Kirin 710 SoC ကို အသုံးျပဳထားၿပီး RAM 3GB နဲ႔ Storage 32GB ပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဂိမ္းကစားတဲ့အခါမွာ ပိုမိုေကာင္းမြန္ေစမယ့္ GPU Turbo ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။ ဘက္ထရီသိုေလွာင္မႈ ပမာဏအေနနဲ႔ 5100mAh ထည့္သြင္းေပးထားၿပီး၊ အားသြင္းခ်ိန္က ၂နာရီ ၄၈မိနစ္ၾကာတယ္လို႔ သိရပါတယ္။ HUAWEI ကေတာ့ MediaPad M5 lite နဲ႔ဆိုရင္ 1080p (offline) ဗီဒီယိုေတြကို ၁၀နာရီခြဲေက်ာ္ ၾကည့္ရႈႏိုင္ၿပီး၊ သီခ်င္းေတြကို ၆၂နာရီၾကာ နားေထာင္ႏိုင္မယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။

MediaPad M5 lite ကို စမတ္ဖုန္း ဒါမွမဟုတ္ PC (Laptop) ေတြနဲ႔ အလြယ္တကူ ခ်ိတ္ဆက္ႏိုင္ဖို႔အတြက္ ျပဳလုပ္ေပးထားပါတယ္။ HUAWEI Share ဆိုတဲ့ Feature ကေနတဆင့္ ဖိုင္၊ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြကို ႀကိဳးမဲ့စနစ္နဲ႔ မွ်ေဝႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ၃ႏွစ္ကေန ၆ႏွစ္အ႐ြယ္ရွိ ကေလးငယ္ေတြအတြက္ အထူးျပဳလုပ္ထားတဲ့ Children’s Corner feature လည္း ပါဝင္ပါေသးတယ္။ Children’s Corner မွာ Painting Board နဲ႔ Monster Class တို႔လိုမ်ိဴး သင္ၾကားေရး Applications မ်ားပါဝင္ၿပီး ဂိမ္းမ်ားလည္း ေဆာ့ကစားႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ မိဘမ်ားအေနနဲ႔ ကေလးငယ္ေတြရဲ႕ Tablet အသုံးျပဳခ်ိန္ေတြကို ကန္႔သတ္ထိန္းခ်ဴပ္ထားႏိုင္မယ့္ Time Control စနစ္နဲ႔ ကေလးငယ္ေတြကို ကိုယ္ေနဟန္ထား မွန္ကန္စြာ အသုံးျပဳဖို႔ လမ္းျပေပးမယ့္ Posture Guidance စနစ္ေတြလည္း ပါဝင္ပါေသးတယ္။

MediaPad M5 lite ရဲ႕ ဒီဇိုင္းက ႐ိုး႐ိုးရွင္းရွင္းေလးျဖစ္ေနၿပီး၊ က်စ္လစ္ေကာင္းမြန္တဲ့ Metallic Body ကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ Metallic Body ကို အသုံးျပဳထားတယ္ဆိုေပမယ့္ အေလးခ်ိန္က ၃၁၀ ဂရမ္သာရွိၿပီး အထူကလည္း ၈.၂ မီလီမီတာသာ ရွိပါတယ္။ ဒါ့ေၾကာင့္ ဘယ္သြားသြား အလြယ္တကူ သယ္ေဆာင္လို႔ရၿပီး ေပါ့ေပါ့ပါးပါး အသုံးျပဳႏိုင္မယ့္ Tablet တစ္လုံးလို႔ ေျပာရမွာပါ။ ေနာက္ေက်ာဘက္မွာ ျမင္ေတြ႕ရတဲ့ ကင္မရာက Aperture f/2.2 အက်ယ္ရွိ 13MP Sensor ျဖစ္ၿပီး Auto Focus စနစ္ကို ေထာက္ပံ့ေပးထားပါတယ္။ Selfie ဆြဲဖို႔၊ Video Call ေျပာဖို႔ အတြက္ကေတာ့ Aperture f/2.0 အက်ယ္ရွိ 8MP Sensor ကို တပ္ဆင္ေပးထားပါတယ္။ အဆိုပါ Selfie Camera ကေန တဆင့္ Face Unlock စနစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

MediaPad M5 lite မွာ Built-in အေနနဲ႔ GPS, GLONASS နဲ႔ Beidou ဆိုတဲ့ Satellite Navigation System ေတြပါဝင္တာေၾကာင့္ Searching Speed ျမန္ဆန္ေအာင္၊ Signal သာလြန္ေကာင္းမြန္ေအာင္၊ တည္ေနရာျပ ပိုမိုတိက်မွန္ကန္ေအာင္ အခ်ိန္မေ႐ြးေထာက္ပံ့ေပးႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ MediaPad M5 lite မွာ လက္ေခ်ာင္း ၃ေခ်ာင္း တၿပိဳင္တည္း ေအာက္ကို ဆြဲခ်လိုက္႐ုံနဲ႔ Screen Shot ႐ိုက္ေပးမယ့္ Three Fingers Slide Screen နည္းပညာနဲ႔ အရာဝတၳဳေတြရဲ႕ အခ်က္အလက္ေတြကို ေဖာ္ျပေပးမယ့္ HiVision ဆိုတဲ့ AI Recognition နည္းပညာေတြလည္း ပါဝင္ဦးမွာ ျဖစ္ပါတယ္။

HUAWEI MediaPad M5 lite ရဲ႕ RAM 3GB / Storage 32GB မီးခိုးေရာင္ေမာ္ဒယ္ကို ျမန္မာႏိုင္ငံမွာ ေငြက်ပ္ ၃၃၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။

[Unicode]

စျေးနှုန်းသင့်တင့်ပြီး Feature တွေ စုံလင်တဲ့ HUAWEI MediaPad M5 lite

ဒီနေ့ခေတ် စမတ်ဖုန်းတွေက ကွန်ပျူတာတစ်လုံးလိုမျိူး အသုံးပြုလို့ ရနေပြီဆိုပေမယ့် မျက်နှာပြင်အရွယ်အစားမှာတော့ ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း Tablet ဆိုတဲ့ အရာတွေ တည်ရှိနေရခြင်း ဖြစ်ပါတယ်။

Tablet တွေကို များသောအားဖြင့် ဖျော်ဖြေရေးကဏ္ဍအတွက် အသုံးပြုကြသလို လုပ်ငန်းပိုင်းဆိုင်ရာတွေအတွက်လည်း အသုံးပြုကြပါတယ်။ ဒါ့အပြင် Tablet တွေဟာ ကလေးသူငယ်နဲ့ လူကြီးမိဘတွေအတွက်လည်း သင့်တော်တဲ့ Electronic Devices တွေဖြစ်ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ MyTech Myanmar အနေနဲ့ ကလေးသူငယ်၊ လူကြီးမိဘတွေအတွက် သင့်တော်ပြီး၊ ဖျော်ဖြေရေးကဏ္ဍနဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်မယ့် HUAWEI ရဲ့ MediaPad M5 lite အကြောင်းကို အနည်းငယ် မျှဝေပေးချင်ပါတယ်။

MediaPad M5 lite ဟာ Resolution 1920 x 1200 pixels ရှိ 8” IPS LCD Display ကို အသုံးပြုထားတဲ့ Tablet အမျိူးအစားဖြစ်ပါတယ်။ 900:1 Contrast Ratio နဲ့ဖြစ်ပြီး Pixel Density က 283 ppi ရှိပါတယ်။ Tablet နဲ့ စာဖတ်တဲ့သူတွေ ဒါမှမဟုတ် Tablet အသုံးများတဲ့သူတွေအတွက် မျက်လုံးထိခိုက်မှု လျော့နည်းအောင် အပြာရောင် အလင်းတန်းတွေကို လျှော့ချပေးမယ့် Eye-comfort Mode ပါဝင်ပါတယ်။ Audio အပိုင်းမှာ Stereo Speakers တွေကို တပ်ဆင်ထားပြီး Harman Kardon က Tune လုပ်ပေးထားတဲ့အတွက် ကောင်းမွန်တဲ့ အသံပိုင်းဆိုင်ရာ အရည်အသွေးတွေကို ရရှိစေမှာပါ။ ဒါ့အပြင် ၃၆၀ ဒီဂရီ အသံစနစ်အတွက် HUAWEI ရဲ့ Histen 5.0 Sound Effect နည်းပညာလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်အပိုင်းအတွက် Kirin 710 SoC ကို အသုံးပြုထားပြီး RAM 3GB နဲ့ Storage 32GB ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားတဲ့အခါမှာ ပိုမိုကောင်းမွန်စေမယ့် GPU Turbo ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ ဘက်ထရီသိုလှောင်မှု ပမာဏအနေနဲ့ 5100mAh ထည့်သွင်းပေးထားပြီး၊ အားသွင်းချိန်က ၂နာရီ ၄၈မိနစ်ကြာတယ်လို့ သိရပါတယ်။ HUAWEI ကတော့ MediaPad M5 lite နဲ့ဆိုရင် 1080p (offline) ဗီဒီယိုတွေကို ၁၀နာရီခွဲကျော် ကြည့်ရှုနိုင်ပြီး၊ သီချင်းတွေကို ၆၂နာရီကြာ နားထောင်နိုင်မယ်လို့ ရေးသားဖော်ပြထားပါတယ်။

MediaPad M5 lite ကို စမတ်ဖုန်း ဒါမှမဟုတ် PC (Laptop) တွေနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်ဖို့အတွက် ပြုလုပ်ပေးထားပါတယ်။ HUAWEI Share ဆိုတဲ့ Feature ကနေတဆင့် ဖိုင်၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ကြိုးမဲ့စနစ်နဲ့ မျှဝေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၃နှစ်ကနေ ၆နှစ်အရွယ်ရှိ ကလေးငယ်တွေအတွက် အထူးပြုလုပ်ထားတဲ့ Children’s Corner feature လည်း ပါဝင်ပါသေးတယ်။ Children’s Corner မှာ Painting Board နဲ့ Monster Class တို့လိုမျိူး သင်ကြားရေး Applications များပါဝင်ပြီး ဂိမ်းများလည်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘများအနေနဲ့ ကလေးငယ်တွေရဲ့ Tablet အသုံးပြုချိန်တွေကို ကန့်သတ်ထိန်းချူပ်ထားနိုင်မယ့် Time Control စနစ်နဲ့ ကလေးငယ်တွေကို ကိုယ်နေဟန်ထား မှန်ကန်စွာ အသုံးပြုဖို့ လမ်းပြပေးမယ့် Posture Guidance စနစ်တွေလည်း ပါဝင်ပါသေးတယ်။

MediaPad M5 lite ရဲ့ ဒီဇိုင်းက ရိုးရိုးရှင်းရှင်းလေးဖြစ်နေပြီး၊ ကျစ်လစ်ကောင်းမွန်တဲ့ Metallic Body ကို အသုံးပြုထားတာ တွေ့ရပါတယ်။ Metallic Body ကို အသုံးပြုထားတယ်ဆိုပေမယ့် အလေးချိန်က ၃၁၀ ဂရမ်သာရှိပြီး အထူကလည်း ၈.၂ မီလီမီတာသာ ရှိပါတယ်။ ဒါ့ကြောင့် ဘယ်သွားသွား အလွယ်တကူ သယ်ဆောင်လို့ရပြီး ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မယ့် Tablet တစ်လုံးလို့ ပြောရမှာပါ။ နောက်ကျောဘက်မှာ မြင်တွေ့ရတဲ့ ကင်မရာက Aperture f/2.2 အကျယ်ရှိ 13MP Sensor ဖြစ်ပြီး Auto Focus စနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Selfie ဆွဲဖို့၊ Video Call ပြောဖို့ အတွက်ကတော့ Aperture f/2.0 အကျယ်ရှိ 8MP Sensor ကို တပ်ဆင်ပေးထားပါတယ်။ အဆိုပါ Selfie Camera ကနေ တဆင့် Face Unlock စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

MediaPad M5 lite မှာ Built-in အနေနဲ့ GPS, GLONASS နဲ့ Beidou ဆိုတဲ့ Satellite Navigation System တွေပါဝင်တာကြောင့် Searching Speed မြန်ဆန်အောင်၊ Signal သာလွန်ကောင်းမွန်အောင်၊ တည်နေရာပြ ပိုမိုတိကျမှန်ကန်အောင် အချိန်မရွေးထောက်ပံ့ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် MediaPad M5 lite မှာ လက်ချောင်း ၃ချောင်း တပြိုင်တည်း အောက်ကို ဆွဲချလိုက်ရုံနဲ့ Screen Shot ရိုက်ပေးမယ့် Three Fingers Slide Screen နည်းပညာနဲ့ အရာဝတ္ထုတွေရဲ့ အချက်အလက်တွေကို ဖော်ပြပေးမယ့် HiVision ဆိုတဲ့ AI Recognition နည်းပညာတွေလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

HUAWEI MediaPad M5 lite ရဲ့ RAM 3GB / Storage 32GB မီးခိုးရောင်မော်ဒယ်ကို မြန်မာနိုင်ငံမှာ ငွေကျပ် ၃၃၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။