Zawgyi

Mediatek ကုမၸဏီဟာ ၂၀၁၉ ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္အတြက္ ဘ႑ာေရးနဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲတစ္ခုကို က်င္းပျပဳလုပ္ခဲ့ပါတယ္။ ထုိင္ဝမ္အေျခစိုက္ကုမၸဏီဟာ လစဥ္အျမတ္ေငြတုိးတက္မႈ ၁၆.၈% ရွိလာၿပီး ႏွစ္စဥ္ဝင္ေငြအေနနဲ႔ဆုိရင္ေတာ့ ၁.၈% ထိရွိေနတယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အမ်ားရဲ႕ အာရုံစုိက္မႈကို ရရွိခဲ့တာကေတာ့ အျခားေၾကညာခ်က္တစ္ခုပါ။

Mediatek ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Cai Lixing က သူတုိ႔ဟာ ၂၀၁၉ ခုႏွစ္ တတိယသုံးလပတ္ (Q3 – ဇူလိုင္မွ စက္တင္ဘာလၾကား) ကာလအတြင္းမွာ Helio M70 Modem နဲ႔တြဲဖက္ထားတဲ့ 5G SoC နမူနာအား ခ်ျပသြားမွာျဖစ္တယ္လို့ ေၾကညာလိုက္ပါတယ္။ ဒီခ်စ္ပ္ဆက္ကို 5G ေျပာင္းလဲေရးအရွိန္ျမင့္ေနမယ့္ ၂၀၂၀ ခုႏွစ္ ပထမသုံးလပတ္ (Q1) ကာလမွသာ ေစ်းကြက္ထဲကို ထုတ္လုပ္တင္ပို႔ေရာင္းခ်သြားမယ္လို႔လည္း Cai က ေျပာၾကားခဲ့ပါတယ္။

သူတုိ႔ရဲ႕ 5G Modem နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ အရင္ကျမင္ေတြ႕ခဲ့ရၿပီးျဖစ္ကာ သူ႕ကို ထည့္သြင္းလာမယ့္ ခ်စ္ပ္ဆက္ရဲ႕နာမည္ကို အခုထိ အတည္မျပဳရေသးပါဘူး။ ဒါေပမယ့္ Cortex-A77 CPU နဲ႔ Mali-G77 GPU တုိ႔ရဲ႕ ARM တည္ေဆာက္ပုံပါဝင္လိမ့္မယ္ဆုိတာေတာ့ သိထားရပါတယ္။

အျခားအခ်က္အလက္ေတြမွာေတာ့ တတိယမ်ဳိးဆက္ AI Process အင္ဂ်င္၊ 80MP ကင္မရာထိ ေထာက္ပံ့ေပးႏုိင္ျခင္းနဲ႔ 4K ဗီဒီယုိေတြကို 60fps နဲ႔ရုိက္ကူးႏုိင္စြမ္းတုိ႔ ပါဝင္ပါတယ္။

Mediatek နဲ႔လက္တြဲထားတဲ့ ပါတနာေတြထဲမွာ စမတ္ဖုန္းကုမၸဏီႀကီးေတြျဖစ္တဲ့ Oppo နဲ႔ Vivo တုိ႔ ပါဝင္တာေၾကာင့္ Mediatek ရဲ႕ 5G ခ်စ္ပ္ဆက္ ေစ်းကြက္ထဲ ဝင္ေရာက္လာခ်ိန္မွာ ဒီအမွတ္တံဆိပ္ႏွစ္ခုရဲ႕ 5G စမတ္ဖုန္းသစ္ေတြမွာ ေတြ႕ရွိလာရႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Mediatek ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွက် ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီဟာ လစဉ်အမြတ်ငွေတိုးတက်မှု ၁၆.၈% ရှိလာပြီး နှစ်စဉ်ဝင်ငွေအနေနဲ့ဆိုရင်တော့ ၁.၈% ထိရှိနေတယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် အများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာကတော့ အခြားကြေငြာချက်တစ်ခုပါ။

Mediatek ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Cai Lixing က သူတို့ဟာ ၂၀၁၉ ခုနှစ် တတိယသုံးလပတ် (Q3 – ဇူလိုင်မှ စက်တင်ဘာလကြား) ကာလအတွင်းမှာ Helio M70 Modem နဲ့တွဲဖက်ထားတဲ့ 5G SoC နမူနာအား ချပြသွားမှာဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်။ ဒီချစ်ပ်ဆက်ကို 5G ပြောင်းလဲရေးအရှိန်မြင့်နေမယ့် ၂၀၂၀ ခုနှစ် ပထမသုံးလပတ် (Q1) ကာလမှသာ ဈေးကွက်ထဲကို ထုတ်လုပ်တင်ပို့ရောင်းချသွားမယ်လို့လည်း Cai က ပြောကြားခဲ့ပါတယ်။

သူတို့ရဲ့ 5G Modem နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ အရင်ကမြင်တွေ့ခဲ့ရပြီးဖြစ်ကာ သူ့ကို ထည့်သွင်းလာမယ့် ချစ်ပ်ဆက်ရဲ့နာမည်ကို အခုထိ အတည်မပြုရသေးပါဘူး။ ဒါပေမယ့် Cortex-A77 CPU နဲ့ Mali-G77 GPU တို့ရဲ့ ARM တည်ဆောက်ပုံပါဝင်လိမ့်မယ်ဆိုတာတော့ သိထားရပါတယ်။

အခြားအချက်အလက်တွေမှာတော့ တတိယမျိုးဆက် AI Process အင်ဂျင်၊ 80MP ကင်မရာထိ ထောက်ပံ့ပေးနိုင်ခြင်းနဲ့ 4K ဗီဒီယိုတွေကို 60fps နဲ့ရိုက်ကူးနိုင်စွမ်းတို့ ပါဝင်ပါတယ်။

Mediatek နဲ့လက်တွဲထားတဲ့ ပါတနာတွေထဲမှာ စမတ်ဖုန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Oppo နဲ့ Vivo တို့ ပါဝင်တာကြောင့် Mediatek ရဲ့ 5G ချစ်ပ်ဆက် ဈေးကွက်ထဲ ဝင်ရောက်လာချိန်မှာ ဒီအမှတ်တံဆိပ်နှစ်ခုရဲ့ 5G စမတ်ဖုန်းသစ်တွေမှာ တွေ့ရှိလာရနိုင်ပါတယ်။

Ref – GSM Arena