Zawgyi

MediaTek ကေန 5G အသုံးျပဳႏိုင္တဲ့ Chipset ေတြကို အခုေနာက္ပိုင္းမွာ ဆက္တိုက္မိတ္ဆက္လာသလို အခုလည္း Snapdragon 865 ၊ Kirin 990 နဲ႔ Exynos 5G Processor ေတြကို ယွဥ္ၿပိဳင္ဖို႔အတြက္ MediaTek Dimensity 1000 5G Chipset အသစ္ကို မိတ္ဆက္လိုက္ပါၿပီ။

အခု MediaTek Dimensity 1000 5G Chipset ဟာ ၿပီးခဲ့တဲ့ ေမလတုန္းက မိတ္ဆက္ခဲ့တဲ့ MT68885Z 5G Chipset နဲ႔ ဆင္တူၿပီးေတာ့ Octa-core Processor အမ်ိဳးအစားျဖစ္ပါတယ္။ အဆိုပါ Processor က 2.6GHz Cortex-A77 Core ၄ လုံးနဲ႔ 2.2GHz Cortex-A55 Core ၄ လုံးပါဝင္မွာျဖစ္ၿပီး GPU အေနနဲ႔ Mali-G77 MP9 GPU ကို အသုံးျပဳထားတာျဖစ္ပါတယ္။

5G Support အေနနဲ႔ေတာ့ Helio M70 5G Modem ကို တခါတည္း ထည့္သြင္းေပးထားၿပီးေတာ့ Space ေနရာစား ပိုသက္သာတဲ့အျပင္ ပိုၿပီးလည္း Efficient ျဖစ္လာတယ္လို႔ သိရပါတယ္။ Download Speed အေနနဲ႔လည္း လက္ရွိမွာ အျမန္ဆုံးျဖစ္လာတဲ့ 4.7Gbps Download Speed အျပင္ Upload Speed ကလည္း 2.5Gbps အထိ Support ေပးမွာျဖစ္ပါတယ္။ အခု Dimensity 1000 5G Chipset ဟာ 5G ကို sub-6GHz နဲ႔ပဲ Support ေပးမွာျဖစ္ၿပီး mmWave နည္းပညာကိုေတာ့ Support မလုပ္ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္လည္း 5G ကေန 2G အထိ Network အကုန္လုံးနီးပါးမွာ ေကာင္းေကာင္း အသုံးျပဳႏိုင္မွာပါ။

ဒ့ါအျပင္ အခု Chipset အသစ္ဟာ လက္ရွိမွာ ပထမဆုံးေသာ Dual 5G SIM Support ေပးႏိုင္မွာလည္းျဖစ္ပါတယ္။ ဒါက ေလာေလာဆယ္မိတ္ဆက္ထားခဲ့သမွ် 5G Chipset ေတြနဲ႔ ယွဥ္ရင္ သိသိသာသာကို အားသာခ်က္တစ္ခုျဖစ္လာတာပါ။

MediaTek Dimensity 1000 5G Chipset ဟာ AI ပိုင္းမွာလည္း 5-Core APU ပါဝင္မွာျဖစ္ၿပီး AI ပိုင္းဆိုင္ရာ တြက္ခ်က္မႈေတြကို 4.5TOPS (Trillion operations per second) အထိ ေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္။

Camera ပိုင္းမွာလည္း 5-Core ISP ေၾကာင့္ Single Camera ကို 80MP နဲ႔ Dual Camera Setup ေတြကို 32MP နဲ႔ 16MP အထိ Support ေပးႏိုင္မွာပါ။ ဒါတင္မဟုတ္ေသးဘဲ Dimensity 1000 5G Chipset ဟာ လက္ရွိမွာ ပထမဆုံးအေနနဲ႔ Mulit-frame HDR Video Recording ကို Support ျပဳလုပ္တဲ့ Chipset တစ္ခုျဖစ္ပါတယ္။ အခု Chipset ဟာ 90Hz QHD+ ဒါမွမဟုတ္ 120Hz FHD+ Display ေတြကို Support ေပးႏိုင္မွာျဖစ္ၿပီး Wi-Fi 6 နဲ႔ Bluetooth 5.1 ကိုပါ Support ျပဳလုပ္မွာပါ။

MediaTek ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခု Dimensity 1000 5G Chipset အသစ္ကို အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြကို လာမယ့္ ၂၀၂၀ ပထမ ၃ လပတ္မွာတင္ China နဲ႔ Asian ေစ်းကြက္မွာ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

Ref – Gizmo China

Unicode

MediaTek ကနေ 5G အသုံးပြုနိုင်တဲ့ Chipset တွေကို အခုနောက်ပိုင်းမှာ ဆက်တိုက်မိတ်ဆက်လာသလို အခုလည်း Snapdragon 865 ၊ Kirin 990 နဲ့ Exynos 5G Processor တွေကို ယှဥ်ပြိုင်ဖို့အတွက် MediaTek Dimensity 1000 5G Chipset အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

အခု MediaTek Dimensity 1000 5G Chipset ဟာ ပြီးခဲ့တဲ့ မေလတုန်းက မိတ်ဆက်ခဲ့တဲ့ MT68885Z 5G Chipset နဲ့ ဆင်တူပြီးတော့ Octa-core Processor အမျိုးအစားဖြစ်ပါတယ်။ အဆိုပါ Processor က 2.6GHz Cortex-A77 Core ၄ လုံးနဲ့ 2.2GHz Cortex-A55 Core ၄ လုံးပါဝင်မှာဖြစ်ပြီး GPU အနေနဲ့ Mali-G77 MP9 GPU ကို အသုံးပြုထားတာဖြစ်ပါတယ်။

5G Support အနေနဲ့တော့ Helio M70 5G Modem ကို တခါတည်း ထည့်သွင်းပေးထားပြီးတော့ Space နေရာစား ပိုသက်သာတဲ့အပြင် ပိုပြီးလည်း Efficient ဖြစ်လာတယ်လို့ သိရပါတယ်။ Download Speed အနေနဲ့လည်း လက်ရှိမှာ အမြန်ဆုံးဖြစ်လာတဲ့ 4.7Gbps Download Speed အပြင် Upload Speed ကလည်း 2.5Gbps အထိ Support ပေးမှာဖြစ်ပါတယ်။ အခု Dimensity 1000 5G Chipset ဟာ 5G ကို sub-6GHz နဲ့ပဲ Support ပေးမှာဖြစ်ပြီး mmWave နည်းပညာကိုတော့ Support မလုပ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း 5G ကနေ 2G အထိ Network အကုန်လုံးနီးပါးမှာ ကောင်းကောင်း အသုံးပြုနိုင်မှာပါ။

ဒ့ါအပြင် အခု Chipset အသစ်ဟာ လက်ရှိမှာ ပထမဆုံးသော Dual 5G SIM Support ပေးနိုင်မှာလည်းဖြစ်ပါတယ်။ ဒါက လောလောဆယ်မိတ်ဆက်ထားခဲ့သမျှ 5G Chipset တွေနဲ့ ယှဥ်ရင် သိသိသာသာကို အားသာချက်တစ်ခုဖြစ်လာတာပါ။

MediaTek Dimensity 1000 5G Chipset ဟာ AI ပိုင်းမှာလည်း 5-Core APU ပါဝင်မှာဖြစ်ပြီး AI ပိုင်းဆိုင်ရာ တွက်ချက်မှုတွေကို 4.5TOPS (Trillion operations per second) အထိ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာလည်း 5-Core ISP ကြောင့် Single Camera ကို 80MP နဲ့ Dual Camera Setup တွေကို 32MP နဲ့ 16MP အထိ Support ပေးနိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ Dimensity 1000 5G Chipset ဟာ လက်ရှိမှာ ပထမဆုံးအနေနဲ့ Mulit-frame HDR Video Recording ကို Support ပြုလုပ်တဲ့ Chipset တစ်ခုဖြစ်ပါတယ်။ အခု Chipset ဟာ 90Hz QHD+ ဒါမှမဟုတ် 120Hz FHD+ Display တွေကို Support ပေးနိုင်မှာဖြစ်ပြီး Wi-Fi 6 နဲ့ Bluetooth 5.1 ကိုပါ Support ပြုလုပ်မှာပါ။

MediaTek ရဲ့ ပြောကြားချက်အရတော့ အခု Dimensity 1000 5G Chipset အသစ်ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၀ ပထမ ၃ လပတ်မှာတင် China နဲ့ Asian စျေးကွက်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – Gizmo China