[Zawgyi]

Master Lu အမည္ရွိ တ႐ုတ္ႏိုင္ငံအေျခစိုက္ Benchmarking တစ္ခုဟာ Artificial Intelligence (A.I) စြမ္းေဆာင္ရည္ အေကာင္းဆုံး Mobile Chipsets စာရင္းကို ၂၀၁၉ခုႏွစ္ ပထမႏွစ္ဝက္အတြက္ ထုတ္ျပန္ေၾကညာေပးလိုက္ပါတယ္။ Master Lu ( Benchmarking ) ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ A.I အပိုင္းမွာ စြမ္းေဆာင္ရည္ အေကာင္းဆုံး ( ဥာဏ္အေကာင္းဆုံး ) Chipset အျဖစ္ နံပါတ္ ၁ ေနရာမွာ ရပ္တည္ႏိုင္ခဲ့သူကေတာ့ Qualcomm ရဲ႕ Snapdragon 855 SoC ပဲ ျဖစ္ပါတယ္။

နံပါတ္ ၂ ေနရာကို Apple ရဲ႕ A12 Bionic Chip က ပိုင္ဆိုင္ထားၿပီး နံပါတ္ ၃ ေနရာကိုေတာ့ လုံးဝ ထင္မွတ္မထားတဲ့ MediaTek ရဲ႕ Helio P90 SoC က ပိုင္ဆိုင္ထားပါတယ္။ ဒါ့ေၾကာင့္ A.I အပိုင္းမွာ ေကာင္းလွပါခ်ည္ရဲ႕ ဆိုတဲ့ Huawei ရဲ႕ HiSilicon Kirin 980 SoC ဟာ နံပါတ္ ၄ ေနရာကို ေရာက္ရွိသြားတာပါ။ တနည္းအားျဖင့္ Helio P90 SoC ရဲ႕ ႐ိုက္ခ်ိဴးျခင္းကို Kirin 980 SoC က ခံလိုက္ရတယ္လို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။

နံပါတ္ ၅ ေနရာကေန စလို႔ နံပါတ္ ၁၀ အထိကိုေတာ့ Qualcomm ရဲ႕ Snapdragon Chipsets ေတြကပဲ ျပန္လည္ သိမ္းပိုက္ထားပါတယ္။ Snapdragon 845 (AIE) , Snapdragon 845 , Snapdragon 710 (AIE) , Snapdragon 670 (AIE) , Snapdragon 710 နဲ႔ Snapdragon 835 တို႔ဟာ နံပါတ္ ၅, ၆, ၇, ၈, ၉, ၁၀ ေနရာေတြကို အသီးသီး ရယူထားတာ ျဖစ္ပါတယ္။ AIE ဆိုတာက Artificial Intelligence Engine ရဲ႕ အတိုေကာက္ျဖစ္ၿပီး၊ အဆိုပါ နည္းပညာ ေထာက္ပံ့ေပးထားတဲ့ Chipsets ေတြဟာ သာမန္ Chipsets ေတြထက္ A.I စြမ္းေဆာင္ရည္အပိုင္းမွာ ပိုမိုေကာင္းမြန္တာ ေတြ႕ရပါတယ္။

Ref : Gizmochina

[Unicode]

A.I စွမ်းဆောင်ရည်မှာ Helio P90 ရဲ့ ရိုက်ချိူးခြင်းကို ခံလိုက်ရတဲ့ Kirin 980

Master Lu အမည်ရှိ တရုတ်နိုင်ငံအခြေစိုက် Benchmarking တစ်ခုဟာ Artificial Intelligence (A.I) စွမ်းဆောင်ရည် အကောင်းဆုံး Mobile Chipsets စာရင်းကို ၂၀၁၉ခုနှစ် ပထမနှစ်ဝက်အတွက် ထုတ်ပြန်ကြေညာပေးလိုက်ပါတယ်။ Master Lu ( Benchmarking ) ရဲ့ ထုတ်ပြန်ကြေညာချက်အရ A.I အပိုင်းမှာ စွမ်းဆောင်ရည် အကောင်းဆုံး ( ဥာဏ်အကောင်းဆုံး ) Chipset အဖြစ် နံပါတ် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့သူကတော့ Qualcomm ရဲ့ Snapdragon 855 SoC ပဲ ဖြစ်ပါတယ်။

နံပါတ် ၂ နေရာကို Apple ရဲ့ A12 Bionic Chip က ပိုင်ဆိုင်ထားပြီး နံပါတ် ၃ နေရာကိုတော့ လုံးဝ ထင်မှတ်မထားတဲ့ MediaTek ရဲ့ Helio P90 SoC က ပိုင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့် A.I အပိုင်းမှာ ကောင်းလှပါချည်ရဲ့ ဆိုတဲ့ Huawei ရဲ့ HiSilicon Kirin 980 SoC ဟာ နံပါတ် ၄ နေရာကို ရောက်ရှိသွားတာပါ။ တနည်းအားဖြင့် Helio P90 SoC ရဲ့ ရိုက်ချိူးခြင်းကို Kirin 980 SoC က ခံလိုက်ရတယ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

နံပါတ် ၅ နေရာကနေ စလို့ နံပါတ် ၁၀ အထိကိုတော့ Qualcomm ရဲ့ Snapdragon Chipsets တွေကပဲ ပြန်လည် သိမ်းပိုက်ထားပါတယ်။ Snapdragon 845 (AIE) , Snapdragon 845 , Snapdragon 710 (AIE) , Snapdragon 670 (AIE) , Snapdragon 710 နဲ့ Snapdragon 835 တို့ဟာ နံပါတ် ၅, ၆, ၇, ၈, ၉, ၁၀ နေရာတွေကို အသီးသီး ရယူထားတာ ဖြစ်ပါတယ်။ AIE ဆိုတာက Artificial Intelligence Engine ရဲ့ အတိုကောက်ဖြစ်ပြီး၊ အဆိုပါ နည်းပညာ ထောက်ပံ့ပေးထားတဲ့ Chipsets တွေဟာ သာမန် Chipsets တွေထက် A.I စွမ်းဆောင်ရည်အပိုင်းမှာ ပိုမိုကောင်းမွန်တာ တွေ့ရပါတယ်။

Ref : Gizmochina