[Zawgyi]

Helio G90 ဟာ MediaTek ရဲ႕ ပထမဆုံး ဂိမ္းမင္း Chip ျဖစ္လာပါလိမ့္မယ္။ Teaser ပိုစတာမွာေတာ့ Helio G90 ထြက္ေပၚလာဖို႔ အခ်ိန္သိပ္မလိုေတာ့ေၾကာင္း သတင္းစကားပါဝင္ေနပါတယ္။ လက္ရွိအခ်ိန္မွာ အလုံးအထည္လိုက္ မျပႏိုင္ေသးေပမယ့္ သိပ္မၾကာခင္မွာေတာ့ ထုတ္ေဖာ္ျပသႏိုင္မယ္လို႔ ယူဆရပါတယ္။

မွန္းဆရရင္ေတာ့ G90 ဟာ Helio P90 ေပၚမွာပဲ အေျခခံထားတာျဖစ္ၿပီး Cortex-A75 cores (2.2GHz) ႏွစ္ခုနဲ႔A55 cores (2.0GHz) ၆ ခုပါဝင္ဖြယ္ရွိတဲ့ CPU ပဲ ျဖစ္ႏိုင္ပါတယ္။ GPU ကေတာ့ Imagination PowerVR GM9446 (970MHz) ျဖစ္ဖြယ္ရွိၿပီး၊ Helio P70 မွာသုံးထားတဲ့ Mali-G72 MP3 ထက္ ၁၅ရာခိုင္ႏႈန္းေလာက္ စြမ္းေဆာင္ရည္ ပိုျမင့္မယ္လို႔လည္း သိရပါတယ္။

ဒါျဖင့္ရင္ G90 က တူညီတဲ့ GPU ပဲ သုံးထားလားလို႔ ေမးစရာရွိပါတယ္။ MediaTek အေနနဲ႔ Kirin Chip ေတြမွာ ရွိသလိုပဲ ဂိမ္းကစားျခင္းအေတြ႕အႀကဳံကို Gaming mode ေတြနဲ႔ ျမႇင့္တင္ေပးမယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Helio G90 ဂိမ္းမင္း Chipset တစ္ခုျဖစ္တာနဲ႔အညီ အေအးေပးစနစ္ကို ပိုၿပီးေကာင္းမြန္လာေအာင္ လုပ္ေဆာင္ထားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Qualaocmm ရဲ႕ Adreno GPU ေတြက မိုလ္ဘိုင္းဂရပ္ဖစ္အတြက္ အေကာင္းဆုံးလို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ထိုင္ဝမ္ကုမၸဏီအေနနဲ႔ တျဖည္းျဖည္းနဲ႔ ယွဥ္ၿပိဳင္ႏိုင္စြမ္းေတြ ရွိလာတာေၾကာင့္ အမွန္တကယ္မိတ္ဆက္ခ်ိန္မွာ တည္ေဆာက္ထားပုံနဲ႔တစ္ကြ အေျဖကို သိရမွာပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

ဂိမ်းမင်းဖုန်းတွေအတွက် ပထမဆုံး Chipset ဖြစ်တဲ့ Helio G90 ကို Tease လုပ်လိုက်တဲ့ MediaTek

Helio G90 ဟာ MediaTek ရဲ့ ပထမဆုံး ဂိမ်းမင်း Chip ဖြစ်လာပါလိမ့်မယ်။ Teaser ပိုစတာမှာတော့ Helio G90 ထွက်ပေါ်လာဖို့ အချိန်သိပ်မလိုတော့ကြောင်း သတင်းစကားပါဝင်နေပါတယ်။ လက်ရှိအချိန်မှာ အလုံးအထည်လိုက် မပြနိုင်သေးပေမယ့် သိပ်မကြာခင်မှာတော့ ထုတ်ဖော်ပြသနိုင်မယ်လို့ ယူဆရပါတယ်။

မှန်းဆရရင်တော့ G90 ဟာ Helio P90 ပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး Cortex-A75 cores (2.2GHz) နှစ်ခုနဲ့A55 cores (2.0GHz) ၆ ခုပါဝင်ဖွယ်ရှိတဲ့ CPU ပဲ ဖြစ်နိုင်ပါတယ်။ GPU ကတော့ Imagination PowerVR GM9446 (970MHz) ဖြစ်ဖွယ်ရှိပြီး၊ Helio P70 မှာသုံးထားတဲ့ Mali-G72 MP3 ထက် ၁၅ရာခိုင်နှုန်းလောက် စွမ်းဆောင်ရည် ပိုမြင့်မယ်လို့လည်း သိရပါတယ်။

ဒါဖြင့်ရင် G90 က တူညီတဲ့ GPU ပဲ သုံးထားလားလို့ မေးစရာရှိပါတယ်။ MediaTek အနေနဲ့ Kirin Chip တွေမှာ ရှိသလိုပဲ ဂိမ်းကစားခြင်းအတွေ့အကြုံကို Gaming mode တွေနဲ့ မြှင့်တင်ပေးမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Helio G90 ဂိမ်းမင်း Chipset တစ်ခုဖြစ်တာနဲ့အညီ အအေးပေးစနစ်ကို ပိုပြီးကောင်းမွန်လာအောင် လုပ်ဆောင်ထားမယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိအချိန်မှာတော့ Qualaocmm ရဲ့ Adreno GPU တွေက မိုလ်ဘိုင်းဂရပ်ဖစ်အတွက် အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ထိုင်ဝမ်ကုမ္ပဏီအနေနဲ့ တဖြည်းဖြည်းနဲ့ ယှဉ်ပြိုင်နိုင်စွမ်းတွေ ရှိလာတာကြောင့် အမှန်တကယ်မိတ်ဆက်ချိန်မှာ တည်ဆောက်ထားပုံနဲ့တစ်ကွ အဖြေကို သိရမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena