Xiaomi ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက MediaTek Helio G85 Chipset ကို အသုံးပြုထားတဲ့ Redmi Note 9 စမတ်ဖုန်းကိုမိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ MediaTek ကနေ အဆိုပါ Helio G85 အကြောင်းအသေးစိတ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Helio G85 Chipset ဟာ CPU ပိုင်းအနေနဲ့ MediaTek Helio G80 နဲ့ တူညီမှာဖြစ်ပြီး GPU ပိုင်းမှာတော့ အနည်းငယ်ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ CPU အနေနဲ့ 2.0GHz Cortex-A75 Core ၂ လုံး၊ 1.8GHz Cortex-A55 Core ၆ လုံးပါဝင်မှာဖြစ်ပြီးတော့ GPU ပိုင်းမှာ Mali G52 GPU ကိုပဲ Helio G80 လိုမျိုး 950MHz Clock Speed အစား 1GHz နဲ့ Run မှာဖြစ်ပါတယ်။

MediaTek Helio G85 Chipset ဟာ MediaTek ရဲ့ Feature တွေဖြစ်တဲ့ Voice on Wakeup ၊ Enhanced HyperEngine Game Technology အပြင် Wi-Fi နဲ့ LTE ကို 13ms အတွင်းပြောင်းလဲနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Game ဆော့ကစားတဲ့အချိန်မှာ သိသိသာသာကို Lag ဖြစ်တာကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

MediaTek ရဲ့ ပြောကြားချက်အရတော့ Helio G85 Chipset ကို စမတ်ဖုန်းထုတ်လုပ်သူတွေဆီကို တင်ပို့နေပြီဖြစ်တဲ့အတွက် မကြာခင်မှာနောက်ထပ် Helio G85 Chipset ပါဝင်တဲ့ ဒေါ်လာ ၂၀၀ အောက်စမတ်ဖုန်းတွေကို မြင်တွေ့ရဦးမှာဖြစ်တယ်လို့သိရပါတယ်။

Ref – GSM Arena