Zawgyi

ၿပီးခဲ့တဲ့ေမလတုန္းက MediaTek ဟာလည္း သူတုိ႔ရဲ႕ Helio M70 5G Modem ကို အားက်မခံ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းကၽြမ္းက်င္သူေတြကေတာ့ သူတုိ႔ရဲ႕ 5G ခ်စ္ပ္ဆက္အသစ္တစ္ခုလုံးကို တရားဝင္ခ်ျပလာတာ ေစာင့္ဆုိင္းေနဆဲပါ။ အဆုိပါ 5G ခ်စ္ပ္ဆက္ဟာ 7nm FinFET Process နဲ႔တည္ေဆာက္ထားတာျဖစ္ၿပီး သူ႕ကို အရင္ဆုံး အသုံးျပဳမယ့္ စမတ္ဖုန္းေတြက Oppo နဲ႔ Vivo တုိ႔ရဲ႕ Flagship မ်ဳိးဆက္သစ္ေတြျဖစ္ပါတယ္။

ထိုင္ဝမ္အေျခစုိက္ ထုတ္လုပ္သူဟာ ေနာက္ထပ္ 7nm SoC တစ္မ်ဳိးကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနေပမယ့္ ဒီတစ္ခါေတာ့ ေစ်းပိုခ်ဳိမွာျဖစ္ၿပီး Midrange ဟန္းဆက္ေတြအတြက္ျဖစ္တယ္လို႔ ယေန႔မွာ တရုတ္ျပည္တြင္းမီဒီယာတစ္ခုက ေဖာ္ျပလာခဲ့ပါတယ္။

ထိုသတင္းထဲမွာေတာ့ ခ်စ္ပ္ဆက္အသစ္ဟာ Helio M70 Modem ပါဝင္တဲ့ MT6885 ခ်စ္ပ္နဲ႔ တည္ေဆာက္ပုံအတူတူပဲလုိ႔ဆုိၿပီး အရြယ္အစားကိုေတာ့ ပိုေသးငယ္ကာ ေစ်းလည္းပိုခ်ဳိမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီခ်စ္ပ္ဆက္အသစ္ကို ၂၀၂၀ ခုႏွစ္ ဒုတိယသုံးလပတ္ကာလမွာ ေစ်းကြက္ဝင္ထုတ္လုပ္မႈစတင္မွာျဖစ္ၿပီး ဒုတိယႏွစ္ဝက္မွာ သူ႕ကိုအသုံးျပဳထားတဲ့ 5G Midrange ဖုန္းေတြကို ျမင္ရႏုိင္ပါတယ္။

MediaTek ဟာ 5G ပလက္ေဖာင္းအသစ္ႏွစ္ခုကို တီထြင္ၿပီးစီးသြားရင္လည္း TSMC ရဲ႕ 6nm EUV Process နည္းပညာသစ္ဘက္ကို ေျခဦးလွည့္လိမ့္မယ္လို႔ ယုံၾကည္ရပါတယ္။ ဒါဟာ ထိုင္ဝမ္ကုမၸဏီအတြက္ ပထမဆုံး EUV ထုတ္ကုန္ျဖစ္လာမွာျဖစ္ၿပီး CPU နဲ႔ GPU ႏွစ္ပုိင္းစလုံးမွာ Upgrade ျဖစ္လာမွာပါ။

လာမယ့္ႏွစ္မွာ 5G ၿပိဳင္ဆုိင္မႈျပင္းထန္လာမယ္လို႔ ခန္႔မွန္းရၿပီး MediaTek ဟာ ၂၀၂၀ ခုႏွစ္အတြင္းမွာ ခ်စ္ပ္ဆက္ သန္းတစ္ရာထုတ္လုပ္ေရာင္းခ်ႏုိင္ဖို႔ ပစ္မွတ္ထားေနပါတယ္။ အဲ့ဒီထဲက တစ္ဝက္ဟာ အခုေျပာခဲ့တဲ့ MT6885 နဲ႔ MT6873 5G ခ်စ္ပ္ေတြ ျဖစ္လာမွာပါ။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့မေလတုန်းက MediaTek ဟာလည်း သူတို့ရဲ့ Helio M70 5G Modem ကို အားကျမခံ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းကျွမ်းကျင်သူတွေကတော့ သူတို့ရဲ့ 5G ချစ်ပ်ဆက်အသစ်တစ်ခုလုံးကို တရားဝင်ချပြလာတာ စောင့်ဆိုင်းနေဆဲပါ။ အဆိုပါ 5G ချစ်ပ်ဆက်ဟာ 7nm FinFET Process နဲ့တည်ဆောက်ထားတာဖြစ်ပြီး သူ့ကို အရင်ဆုံး အသုံးပြုမယ့် စမတ်ဖုန်းတွေက Oppo နဲ့ Vivo တို့ရဲ့ Flagship မျိုးဆက်သစ်တွေဖြစ်ပါတယ်။

ထိုင်ဝမ်အခြေစိုက် ထုတ်လုပ်သူဟာ နောက်ထပ် 7nm SoC တစ်မျိုးကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပေမယ့် ဒီတစ်ခါတော့ ဈေးပိုချိုမှာဖြစ်ပြီး Midrange ဟန်းဆက်တွေအတွက်ဖြစ်တယ်လို့ ယနေ့မှာ တရုတ်ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြလာခဲ့ပါတယ်။

ထိုသတင်းထဲမှာတော့ ချစ်ပ်ဆက်အသစ်ဟာ Helio M70 Modem ပါဝင်တဲ့ MT6885 ချစ်ပ်နဲ့ တည်ဆောက်ပုံအတူတူပဲလို့ဆိုပြီး အရွယ်အစားကိုတော့ ပိုသေးငယ်ကာ ဈေးလည်းပိုချိုမယ်လို့ ဖော်ပြထားပါတယ်။ ဒီချစ်ပ်ဆက်အသစ်ကို ၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်ကာလမှာ ဈေးကွက်ဝင်ထုတ်လုပ်မှုစတင်မှာဖြစ်ပြီး ဒုတိယနှစ်ဝက်မှာ သူ့ကိုအသုံးပြုထားတဲ့ 5G Midrange ဖုန်းတွေကို မြင်ရနိုင်ပါတယ်။

MediaTek ဟာ 5G ပလက်ဖောင်းအသစ်နှစ်ခုကို တီထွင်ပြီးစီးသွားရင်လည်း TSMC ရဲ့ 6nm EUV Process နည်းပညာသစ်ဘက်ကို ခြေဦးလှည့်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ဒါဟာ ထိုင်ဝမ်ကုမ္ပဏီအတွက် ပထမဆုံး EUV ထုတ်ကုန်ဖြစ်လာမှာဖြစ်ပြီး CPU နဲ့ GPU နှစ်ပိုင်းစလုံးမှာ Upgrade ဖြစ်လာမှာပါ။

လာမယ့်နှစ်မှာ 5G ပြိုင်ဆိုင်မှုပြင်းထန်လာမယ်လို့ ခန့်မှန်းရပြီး MediaTek ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ ချစ်ပ်ဆက် သန်းတစ်ရာထုတ်လုပ်ရောင်းချနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အဲ့ဒီထဲက တစ်ဝက်ဟာ အခုပြောခဲ့တဲ့ MT6885 နဲ့ MT6873 5G ချစ်ပ်တွေ ဖြစ်လာမှာပါ။

Ref – GSM Arena