MediaTek ဟာ Dimensity 8000 platform ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက တစ်စွန်းတစ်စ ထုတ်ပြခဲ့ပါတယ်။ TSMC ရဲ့ 5nm လုပ်ငန်းစဉ်နဲ့အတူ ထုတ်လုပ်သွားမှာဖြစ်တယ်လို့လည်း သတင်းတွေပေါ်ထွက်ခဲ့ပါသေးတယ်။ သူတို့ဟာ Chip ကို ပွဲထုတ်ဖို့ အဆင်သင့်နီးပါးပြီးစီးနေကြပြီလို့ ယုံကြည်ရပါတယ်။

အခု ဖေဖော်ဝါရီလ ဒုတိယလဝက်ကိုရောက်ရှိလာချိန်မှာတော့ Dimensity 8100 လို့ နာမည်ပေးထားတဲ့ Chip ကို လာမဲ့ မတ်လထဲမှာ မိတ်ဆက်ပေးမယ်ဆိုတဲ့အကြောင်း နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Dimensity 8100 မှာ Clocked 2.75 GHz ရှိတဲ့ Cortex-A78 Performance cores လေးခုပါဝင်ပြီး Octa-core CPU ဖြစ်ပါတယ်။ GPU ကတော့ Mali-G510 ဖြစ်ပြီး ARM က ထုတ်လုပ်တာ ဖြစ်ပြီး ဘယ် SoC မှာမဆို တွေ့နေရတာလည်း ဖြစ်ပါတယ်။ ဒီပလက်ဖောင်းဟာ Dimensity 11000 ကို ဆက်ခံတဲ့အနေနဲ့ ပေါ်ထွက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

အခြားအချက်တစ်ခုအနေနဲ့ ဒါဟာ MediaTek ရဲ့ Flagship ပလက်ဖောင်း အစစ်အမှန်ဖြစ်တဲ့ Dimensity 9000 ကို အနည်းငယ် အဆင့်နှိမ့်ထားတယ်လို့ ယူဆရတာပါ။ စိတ်ဝင်စားဖို့ကောင်းတာက အစောပိုင်းက ဒီ Chip အသစ်ကို Dimensity 7000 လို့ ခေါ်ခဲ့ကြတာပါပဲ။ ဒါကြောင့် နာမည်နဲ့ပတ်သက်လာရင်တော့ တရားဝင်မိတ်မဆက်သေးခင် နောက်ဆုံးအချိန်ထိ ပြောင်းလဲမှုရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena