[Zawgyi]

MediaTek ဟာ ေခတ္သစ္စမတ္ဖုန္းေတြအတြက္ 5G SoC ေတြကို အေျမာက္အမ်ား ထုတ္လုပ္သြားဖို႔ အစီအစဥ္ ခ်မွတ္ထားတဲ့ကုမၸဏီျဖစ္ပါတယ္။ ကနဦးသတင္းေတြတုန္းက MediaTek ရဲ႕ 5G SoC ေတြကို ၂၀၂၀ ႏွစ္စပိုင္းေလာက္မွ ေဈးကြက္ထဲမွာ ျမင္ေတြ႕ရမယ္လို႔ ေဖာ္ျပခဲ့ဖူးပါတယ္။ အခုေတာ့ ႏိုဝင္ဘာလ ၂၆ ရက္ေန႔မွာ သူတို႔ရဲ႕ 5G Chip ကို မိတ္ဆက္ေတာ့မွာပါ။

MediaTek ဟာ 5G Chip ေတြကို Flagship ေတြအတြက္သာမကဘဲ Midrange ေတြအတြက္ပါ ထုတ္လုပ္သြားမယ္လို႔ သတင္းထြက္ေပၚထားတာပါ။ တန္ဖိုးသင့္ 5G Chip ေတြကေတာ့ ၂၀၂၀ ဒုတိယသုံးလပတ္ေလာက္မွ စတင္ထုတ္လုပ္မွာျဖစ္တဲ့အတြက္ ေဈးကြက္ထဲမွာျမင္ေတြ႕ရဖို႔ကေတာ့ ၂၀၂၀ ဒုတိယႏွစ္ဝက္ေလာက္မွ ျဖစ္ႏိုင္ပါလိမ့္မယ္။

MT6885Z ကေတာ့ Cortex-A77 CPU နဲ႔ Mali-G77 CPU cores, sbu-6GHz frequency ေထာက္ပံ့ေပးထားမယ္လို႔ အေစာပိုင္းေပါက္ၾကားမႈေတြမွာလည္း သိခဲ့ၿပီးသား ျဖစ္ပါတယ္။ တတိယမ်ိဳးဆက္ AI processing engine ေၾကာင့္ 80MP နဲ႔ 4K 60fps ဗီဒီယို႐ိုက္ကူးမႈကို ျပဳလုပ္ႏိုင္မယ္လို႔လည္း သိရပါတယ္။ အေစာကတည္းက အလုံးအရင္းလိုက္ ထုတ္လုပ္ေနၿပီျဖစ္သလို ၂၀၂၀ ပထမသုံးလပတ္မွာ တင္ပို႔မႈစတင္မယ္လို႔လည္း သတင္းထြက္ထားတာပါ။

ပိုၿပီးစိတ္ဝင္စားစရာေကာင္းတာက MediaTek ရဲ႕ Helio M70 SA/NSA dual-mode 5G modem ေတြကို အလုံးအရင္း ထုတ္လုပ္မယ္ဆိုတဲ့အေၾကာင္းပါ။ ဒါဟာ Mid-range ေတြအတြက္ ရည္႐ြယ္ထားတာပါ။ MT6873 လို ေခၚတြင္ဖြယ္ရွိၿပီး Cortex-A76 cores နဲ႔ 7nm FinFET process ပဲ ျဖစ္တယ္လို႔ ေကာလာဟလ သတင္းထြက္ထားတာပါ။

MT6873 ဟာ ေဒၚလာ ၃၀၀ ဝန္းက်င္ စမတ္ဖုန္းေတြအတြက္ျဖစ္တယ္ဆိုတဲ့ ေကာလာဟလကေတာ့ စိတ္ဝင္စားစရာ အေကာင္းဆုံးလို႔ ဆိုရမွာပါ။ ဒီသတင္းသာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အတြင္း ျမန္မာေငြ ၄ သိန္းခြဲဝန္းက်င္ေလာက္နဲ႔ 5G စမတ္ဖုန္းေတြကို ျမင္ေတြ႕လာရဖြယ္ ရွိေနတာပါ။

Ref: GSM Arena

[Unicode]

5G Chip ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မိတ်ဆက်တော့မယ်လို့ MediaTek ထုတ်ပြန်

MediaTek ဟာ ခေတ်သစ်စမတ်ဖုန်းတွေအတွက် 5G SoC တွေကို အမြောက်အများ ထုတ်လုပ်သွားဖို့ အစီအစဉ် ချမှတ်ထားတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ကနဦးသတင်းတွေတုန်းက MediaTek ရဲ့ 5G SoC တွေကို ၂၀၂၀ နှစ်စပိုင်းလောက်မှ ဈေးကွက်ထဲမှာ မြင်တွေ့ရမယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ အခုတော့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သူတို့ရဲ့ 5G Chip ကို မိတ်ဆက်တော့မှာပါ။

MediaTek ဟာ 5G Chip တွေကို Flagship တွေအတွက်သာမကဘဲ Midrange တွေအတွက်ပါ ထုတ်လုပ်သွားမယ်လို့ သတင်းထွက်ပေါ်ထားတာပါ။ တန်ဖိုးသင့် 5G Chip တွေကတော့ ၂၀၂၀ ဒုတိယသုံးလပတ်လောက်မှ စတင်ထုတ်လုပ်မှာဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာမြင်တွေ့ရဖို့ကတော့ ၂၀၂၀ ဒုတိယနှစ်ဝက်လောက်မှ ဖြစ်နိုင်ပါလိမ့်မယ်။

MT6885Z ကတော့ Cortex-A77 CPU နဲ့ Mali-G77 CPU cores, sbu-6GHz frequency ထောက်ပံ့ပေးထားမယ်လို့ အစောပိုင်းပေါက်ကြားမှုတွေမှာလည်း သိခဲ့ပြီးသား ဖြစ်ပါတယ်။ တတိယမျိုးဆက် AI processing engine ကြောင့် 80MP နဲ့ 4K 60fps ဗီဒီယိုရိုက်ကူးမှုကို ပြုလုပ်နိုင်မယ်လို့လည်း သိရပါတယ်။ အစောကတည်းက အလုံးအရင်းလိုက် ထုတ်လုပ်နေပြီဖြစ်သလို ၂၀၂၀ ပထမသုံးလပတ်မှာ တင်ပို့မှုစတင်မယ်လို့လည်း သတင်းထွက်ထားတာပါ။

ပိုပြီးစိတ်ဝင်စားစရာကောင်းတာက MediaTek ရဲ့ Helio M70 SA/NSA dual-mode 5G modem တွေကို အလုံးအရင်း ထုတ်လုပ်မယ်ဆိုတဲ့အကြောင်းပါ။ ဒါဟာ Mid-range တွေအတွက် ရည်ရွယ်ထားတာပါ။ MT6873 လို ခေါ်တွင်ဖွယ်ရှိပြီး Cortex-A76 cores နဲ့ 7nm FinFET process ပဲ ဖြစ်တယ်လို့ ကောလာဟလ သတင်းထွက်ထားတာပါ။

MT6873 ဟာ ဒေါ်လာ ၃၀၀ ဝန်းကျင် စမတ်ဖုန်းတွေအတွက်ဖြစ်တယ်ဆိုတဲ့ ကောလာဟလကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးလို့ ဆိုရမှာပါ။ ဒီသတင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်လောက်နဲ့ 5G စမတ်ဖုန်းတွေကို မြင်တွေ့လာရဖွယ် ရှိနေတာပါ။

Ref: GSM Arena