တရုတ်မှ Guoguangshunneng (Shanghai) Energy Technology (GGSN) ဟာ လျှပ်စစ်ကား အားသွင်းစက်တွေကို တည်ဆောက်နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး အလိုအလျှောက်သွားလာနိုင်တဲ့ လျှပ်စစ်ကား အားသွင်းတဲ့ စက်ရုပ်တွေကို တီထွင်ထားပါတယ်။ လျှပ်စစ်ကားတွေ ရှိရာကို စက်ရုပ်တွေက သွားပြီး အားသွင်းပေးနိုင်တယ်ဆိုတော့ တော်တော် အဆင်ပြေတာပေါ့ဗျာ။

Electric vehicles: Chinese robot chargers start-up GGSN eyes investors, international expansion via new Hong Kong facilities | South China Morning Post

တရုတ် မှာ လျှပ်စစ်ကား အားသွင်းတဲ့ အခြေခံ အဆောက်အဦးတွေ လိုအပ်မှု မြင့်တက်နေတဲ့အတွက် GGSN ဟာ ရွေ့လျားအားသွင်းတဲ့ ဝန်ဆောင်မှုနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ထားပါတယ်။ တရုတ်မှာ လျှပ်စစ်ကား အရေအတွက်ဟာ ဒီနှစ်ကုန်မှာ သန်း ၃၀ အထိ ရှိလာနိုင်ပြီး အားသွင်းစက်တွေ ပိုမိုလိုအပ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်မှာ လျှပ်စစ်ကား အရေအတွက်ဟာ ၃၈.၆ ရာခိုင်နှုန်း များပြားလာပြီး လျှပ်စစ်ကား ဈေးကွက်ဟာ လျှင်မြန်စွာ ကြီးထွားလာပါတယ်။

Meet the autonomous Robots changing the EV charging game in China - Gizmochina

GGSN ဟာ အလိုအလျှောက် သွားနိုင်တဲ့ အားသွင်းစက်နဲ့ လူကတွန်းသွားရတဲ့ ရွေ့လျား အားသွင်းစက်တွေကို ထုတ်လုပ်ထားပါတယ်။ အားသွင်းစက်ကို မိုဘိုင်း App ကနေ ခေါ်နိုင်ပါတယ်။

အလိုအလျှောက်သွားလာနိုင်တဲ့ G30 အားသွင်းစက်ရုပ်ဟာ အလျား ၁.၄၆ မီတာ၊ အမြင့် ၁.၂ မီတာနဲ့ အလေးချိန် ၈၈၀ ကီလိုဂရမ် ရှိပါတယ်။ 70 kWh Storage Capacity ရှိပြီး တန်ဖိုးက ဒေါ်လာ ၁၃,၉၀၀ ဖြစ်ပါတယ်။ ၁၀ မိနစ် အားသွင်းရင် ၁၅၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ စက်ရုပ် အားသွင်းစက်ကို လူကြိုက်များနေပြီး ၁,၀၀၀ ဝန်းကျင်ကို မှာယူထားကြပြီး ဖြစ်ပါတယ်။

Ref : gizmochina