Meizu ကနေ အခုဆိုရင် ကုမ္ပဏီရဲ့ ၁၅ နှစ်ပြည့်အထိမ်းအမှတ်မှာ လက်ရှိအကောင်းဆုံးသော စမတ်ဖုန်းတွေဖြစ်တဲ့ Meizu 15 နဲ့ Meizu 15 Plus စမတ်ဖုန်းတွေကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ကြေငြာထားတာဖြစ်ပါတယ်။

အခုဆိုရင်တော့ အဆိုပါ Meizu 15 နဲ့ 15 Plus စမတ်ဖုန်းတွေက ဘယ်လိုပုံစံမျိုးရှိနေမလဲဆိုတာကို အခုသိရပြီပဲဖြစ်ပါတယ်။ အခုမြင်ရတဲ့ပုံအရတော့ ဒေါင်လိုက် Dual Camera ၊ 10 LED Flash နဲ့ Laser Auto Focus တွေပါဝင်မှာဖြစ်ပြီး Screen ကလည်း Dual Curved Display ဖြစ်လာမှာပါ။

အခု Meizu 15 နဲ့ 15 Plus စမတ်ဖုန်းတွေက Full Screen Display ဖုန်းတွေပေမယ့် ဖုန်းရဲ့ အရှေ့မျက်နှာပြင်မှာ mBack Fingerprint Sensor ကို ထည့်သွင်းပေးထားဦးမှာပဲဖြစ်ပါတယ်။ Meizu Pro 7 ဖုန်းလိုမျိုးတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာ Display ထပ်ပြီး ထည့်သွင်းထားတာမျိုးကို မတွေ့ခဲ့ရပါဘူး။

 Meizu ရဲ့ အခု 15 နဲ့ 15 Plus စမတ်ဖုန်းတွေဟာ နောက်လမှာ ထွက်ရှိလာမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၄၅၀ နဲ့ ၅၃၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။