Meizu ကုမ္ပဏီဟာ မကြာခင်အချိန်အတွင်းမှာ ကုမ္ပဏီရဲ့ ၁၅ နှစ်ပြည့်အတွက် Meizu 15 စမတ်ဖုန်းကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

အခု Meizu 15 နဲ့ 15 Plus စမတ်ဖုန်းတွေက လက်ရှိ Meizu ကုမ္ပဏီရဲ့ အကောင်းဆုံးသော စမတ်ဖုန်းတွေဖြစ်လာမှာဖြစ်ပြီးတော့ Samsung Exynos 8895 Processor ၊ RAM 4GB/6GB နဲ့ Storage 64GB/128GB ပါဝင်မှာပဲဖြစ်ပါတယ်။

Meizu 15 Plus စမတ်ဖုန်းဟာ 5.95″ Quad HD+ Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ 12+20MP Camera ပါဝင်မှာဖြစ်ပြီး 20MP Selfie Caemra လည်းပါဝင်ဦးမှာပါ။ Battery အနေနဲ့တော့ 3430mAh Battery လည်းပါဝင်မှာဖြစ်ပါတယ်။

Meizu 15 ဖုန်းကတော့ 5.46″ 1080p Display ပါဝင်မှာဖြစ်ပြီး Qualcomm Snapdragon 660 Processor ကို အသုံးပြုထားမှာပါ။ RAM နဲ့ Storage ကတော့ Meizu 15 Plus စမတ်ဖုန်းနဲ့ တူညီမှာဖြစ်ပါတယ်။ Battery ကတော့ ပိုပြီးသေးငယ်တဲ့ 2940mAh Battery ပါဝင်မှာပါ။

Meizu 15 နဲ့ 15 Plus စမတ်ဖုန်းတွေဟာ ယခုလကုန်နောက်ပိုင်းမှာ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။