Meizu ရဲ့ ၁၅ နှစ်ပြည့် Anniversary အနေနဲ့ ထွက်ရှိလာမယ့် Meizu 15 Plus စမတ်ဖုန်းက Meizu ရဲ့ အကောင်းဆုံးသော စမတ်ဖုန်းဖြစ်လာမယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ယခုထွက်ရှိလာတဲ့ ဒီဇိုင်းတွေအရ Meizu ဟာ အခု 15 Plus စမတ်ဖုန်းကို လုံးဝ Premium ဖြစ်အောင်ပြုလုပ်ထားတာကိုတွေ့နေရလို့ပါ။

အခုမြင်ရတဲ့ Meizu 15 Plus ရဲ့ ဒီဇိုင်းအရ Meizu ဟာ 15 Plus စမတ်ဖုန်းကို လုံးဝ ဖုန်းရဲ့အပေါ်ဘက်နဲ့ဘေးဘက်တွေမှာ ဘေးဘောင်တွေလုံးဝမရှိအောင်ပြုလုပ်ထားပြီးတော့ Screen ရဲ့ အပေါ်ဘက်အလက်တည်တည့်မှာပဲ Selfie Camera ကို တပ်ဆင်ထားတာဖြစ်ပါတယ်။

ဖုန်းရဲ့ အနောက်ဘက်မှာတော့ Dual Camera နဲ့ Meizu Pro 6 စမတ်ဖုန်းတုန်းက အောင်မြင်ခဲ့တဲ့ 10 LED Ring ကို ထည့်ထားတာကိုတွေ့ရပါတယ်။ နောက်ပြီး Meizu Pro 7 ဖုန်းတုန်းကလိုပဲ Meizu Logo ကို ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ ရေးထိုးထားတာဖြစ်ပါတယ်။

အခုမြင်တဲ့ပုံတွေအရ တစ်ခုထူးခြားတာက Fingerprint Scanner ကို တွေ့မြင်ရခြင်းမရှိတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Meizu ကနေ Fingerprint Sensor ကို Display အောက်မှာပဲထည့်သွင်းလာမှာလား… ဖုန်းရဲ့ ဘေးဘက်မှာရှိတဲ့ Power Button မှာပဲထည့်သွင်းလာမလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

အခု Meizu 15 Plus စမတ်ဖုန်းကိုတော့ နောက်နှစ်အစောပိုင်းမှာ ကြေငြာသွားမယ်လို့ ခန့်မှန်းထားရပြီး ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၅၀၀ ဝန်းကျင်ရှိမှာဖြစ်ပါတယ်။