Meizu ကုမ္ပဏီဟာ လာမယ့်နှစ် ၂၀၁၈ မှာ ကုမ္ပဏီသက်တမ်း ၁၅ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကုမ္ပဏီရဲ့ CEO က ၁၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Meizu 15 နဲ့ 15 Plus ဖုန်း ၂ မျိုးကို ထုတ်လုပ်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။

Meizu ကနေ ပုံမှန်အားဖြင့် အမြင့်ပိုင်းဖုန်းတွေထဲမှာ Meizu MX Series နဲ့ Pro Series ဆိုပြီး ထုတ်လေ့ရှိတာဖြစ်ပြီး အခုထုတ်လုပ်မယ့် ၁၅ နှစ်ပြည့်ဖုန်းသစ်တွေက သီးခြားဖုန်းတွေဖြစ်လာမယ်လို့ ယူဆရပါတယ်။

ကုမ္ပဏီရဲ့ CEO ကဖော်ပြခဲ့တဲ့ Meizu 15 Plus ရဲ့ ဖုန်းဘူးခွံကို ကြည့်ခြင်းအားဖြင့်တော့ အဆိုပါ ဖုန်းတွေက Budget နဲ့ Mid Range ဖုန်းတွေဖြစ်ဟန်မတူပဲ အမြင့်ပိုင်းဖုန်းတွေပဲဖြစ်လာမှာဖြစ်ပါတယ်။

ယခုနှစ်ထဲမှာတော့ အဆိုပါ Meizu ဖုန်းတွေက ထွက်ရှိလာမှာမဟုတ်ပဲ နောက်နှစ် ၂၀၁၈ ခုနှစ် အစောပိုင်း ဖေဖော်ဝါရီလ ဒါမှမဟုတ် မတ်လထဲကြမှ ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။