လက်ရှိအချိန်မှာ အမြင့်ပိုင်းစမတ်ဖုန်းတွေရော အလယ်အလတ်တန်းစား စမတ်ဖုန်းတွေရော တူညီတဲ့အချက်တစ်ခုရှိလာပါတယ်။ အဲ့ဒါကတော့ Display ကို ဖုန်းရဲ့ အရှေ့ဘက်မျက်နှာစာတစ်ခုလုံးယူထားတဲ့ 18:9 Ratio Screen အပြည့်နဲ့ Display တွေကို တပ်ဆင်လာတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အလယ်အလတ်တန်းစားဖုန်းတွေဖြစ်တဲ့ Huawei, Oppo, Vivo ဖုန်းတွေအကုန် 18:9 Display တွေကို အသုံးပြုနေပြီး အခုနောက်ဆုံး သိရတဲ့ သတင်းတွေအရ Xiaomi ကလည်း 18:9 Ratio Screen အသုံးပြုထားမယ့် Redmi Note 5 စမတ်ဖုန်းကို မကြာခင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် တရုတ်နိုင်ငံတွင်း ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Meizu ကုမ္ပဏီကလည်း အခုခေတ်စားလာတဲ့ 18:9 Ratio Display သုံးထားတဲ့ဖုန်းတွေထဲကို ယှဉ်ပြိုင်မယ့်ဖုန်းတစ်ခုကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ပုံက Weibo Website မှာပေါ်ထွက်လာတာဖြစ်ပြီး အဆိုပါ Meizu ဖုန်းက 18:9 Ratio Display အပြင် Metal Body နဲ့ Dual Camera စနစ်တွေပါ ပါဝင်မှာဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း Meizu က သူ့ရဲ့ စမတ်ဖုန်းတွေကို အပြင်ပိုင်းမှာ Series ခွဲခြားမှုမပြုလုပ်ထားတဲ့အတွက် အခုဖုန်းဟာ High End Meizu MX7 စမတ်ဖုန်းဖြစ်လာမလား… M6 Note ရဲ့ နောက်မျိုးဆက် Mid Range ဖုန်းဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။