Meizu ဟာ စမတ်ဖုန်း လုပ်ငန်းကို ရပ်နားပြီး AI ကို အာရုံစိုက်မယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Meizu ဟာ နောက်ဆုံး ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ Meizu 21 Pro ဖြစ်ပြီး 6.79” AMOLED 1368x3192p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 1,250 Nits Peak Brightness နဲ့ 1-120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Meizu 21 Pro With Snapdragon 8 Gen 3, LTPO Display Launched In China - Gizmochina

Snapdragon 8 Gen 3 မောင်းနှင်ထားပြီး 12GB RAM နဲ့ 16GB RAM ထည့်သွင်းထားပါတယ်။ Storage အပိုင်းမှာ 256GB, 512GB နဲ့ 1TB ပါပါတယ်။

Meizu 21 Pro arrives with 6.79" LTPO display, 50MP main and 10MP 3x tele cameras - GSMArena.com news

အနောက်ဘက်မှာ 50MP Main , 10MP Telephoto , 13MP Ultrawide နဲ့ ToF Depth Sensor တပ်ဆင်ထားပြီး Main ကင်မရာက 8K Video တွေ ရိုက်ကူးပေးနိုင်ကာ OIS နဲ့ EIS Stabilization ပါပါတယ်။ 50W Wireless , 80W Wired Charging ထောက်ပံ့တဲ့ 5,050mAh Battery ထည့်သွင်းထားပါတယ်။

Meizu 21 Pro ကို တရုတ်မှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပြီ ဖြစ်ပြီး မတ်လ ၂ ရက်နေ့က ရောင်းချပေးလိုက်ပါတယ်။ တန်ဖိုးအနည်းဆုံး 12/256GB ကို ၇၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Black, White , Blue နဲ့ Green အရောင်တွေ ထုတ်လုပ်ထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။

Ref : gsmarena