Meizu ရဲ့ အောင်မြင်တဲ့ Series တစ်ခုဖြစ်တဲ့ E Series မှာ နောက်ထပ် စမတ်ဖုန်းတစ်ခု ထပ်ထွက်ရှိလာဦးမှာဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် စမတ်ဖုန်းက Meizu E3 ပဲဖြစ်ပြီးတော့ လက်ရှိခေတ်စားလာတဲ့ 18:9 Display အပြင် iPhone X နဲ့ တူညီတဲ့ Dual Camera ဒီဇိုင်းပုံစံကိုပါ အသုံးပြုလာတာပဲဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရတော့ Meizu E3 စမတ်ဖုန်းဟာ Metal Body ကို အသုံးပြုလာမှာဖြစ်ပီးတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာ Fingerprint Sensor ပါဝင်တာကို မတွေ့ရတဲ့အတွက် Meizu M6S စမတ်ဖုန်းလိုပဲ ဘေးဘက် Power Button မှာပဲ ထည့်သွင်းလာမယ်လို့ သိရပါတယ်။

နောက်တစ်ခု Meizu E3 စမတ်ဖုန်းမှာ သဘောတွေ့စရာကတော့ လက်ရှိနောက်ပိုင်းစမတ်ဖုန်းတွေမှာ 3.5mm Audio Port ကို ဖြုတ်လာတယ်ဆိုပေမယ့် ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။

အခု Meizu E3 စမတ်ဖုန်းဟာ လောလောဆယ်မှာတော့ Specifications အတိအကျမသိရှိရသေးတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ဈေးနှုန်းအနေနဲ့တော့ Meizu M6S ထက် အနည်းငယ်ပိုများတဲ့ ဒေါ်လာ ၃၀၀ အထက်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။