Meizu ကုမ္ပဏီကနေ နောက်ဆုံးတော့ လက်တလောမှာ ခေတ်စားလာတဲ့ 18:9 Full Screen Display ကိုအသုံးပြုထားတဲ့ Meizu M6s စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ Meizu M6s စမတ်ဖုန်းဟာ 5.7″ HD+ 18:9 Ratio Display အပြင်ထူးခြားတာတစ်ခုက Processor ကို Qualcomm နဲ့ MediaTek Processor တွေမဟုတ်ပဲ Samsung ကထုတ်လုပ်ထားတဲ့ Exynos 7872 Hexa Core CPU ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် RAM 3GB နဲ့ ROM ကတော့ 32GB ဒါမှမဟုတ် 64GB ပါဝင်လာမှာဖြစ်ပါတယ်။

Meizu M6s စမတ်ဖုန်းမှာ ကင်မရာပိုင်းကလည်း သာမန်အဆင့်ပဲဖြစ်ပြီး 8MP Front Camera နဲ့ 16MP Back Camera ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Meizu M6 Note တုန်းကတောင်မှ Dual Camera အသုံးထားတဲ့အတွက် အခု M6s စမတ်ဖုန်းမှာ Dual Camera ကို ဖြုတ်လိုက်တာက ဘာကြောင့်လဲဆိုတာကတော့ စဉ်းစားစရာပါ။

Meizu M6s မှာ 3000mAh Battery ပါဝင်မှာဖြစ်ပြီး ၁၅ မိနစ်အားသွင်းရုံနဲ့ 30% အားပြန်ပြည့်မှာဖြစ်ပြီးတော့ အရှေ့ဘက် Display မှာ Home Key မပါဝင်တော့ပေမယ့် Software အသုံးပြုထားတဲ့ mBack Software Home Key ပါဝင်လာမှာဖြစ်ပါတယ်။

အခု Meizu M6s စမတ်ဖုန်းကို 32GB Version ကို ၁၅၅ ဒေါ်လာ နဲ့ 64GB Version ကိုတော့ ဒေါ်လာ ၁၉၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။