Meizu ကုမ္ပဏီဟာ လက်ရှိအချိန်မှာ အခုအချိန်အထိ လက်တလောမှာ ခေတ်စားလာတဲ့ 18:9 Ratio FullView Display နဲ့ ဖုန်းမထုတ်နိုင်သေးတဲ့ ဖုန်းကုမ္ပဏီတစ်ခုဖြစ်မှာပါ။ ပြိုင်ဘက်ဖြစ်တဲ့ Xiaomi ကတောင် 18:9 Ratio Display ကို အသုံးပြုထားတဲ့ Redmi 5 နဲ့ Redmi 5 Plus ဖုန်းတွေကို ထုတ်ခဲ့သေးတဲ့အတွက် Meizu အနေနဲ့ နောက်ကျနေပြီလို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း Meizu ကုမ္ပဏီဟာ လုံးဝ 18:9 Ratio ဖုန်းကို မထုတ်ပဲနေမှာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ယခင်ထဲက Meizu ကုမ္ပဏီဟာ 18:9 Ratio Display အသုံးပြုထားတဲ့ Meizu M6S ကို ထုတ်လုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေလို့ပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Meizu ရဲ့ ပထမဆုံးသော Screen အပြည့်ဖြစ်လာတဲ့ 18:9 Ratio Display နဲ့ Meizu M6S ကို ထင်ထင်ရှားရှားမြင်ခဲ့ရတဲ့ Hands-on Video တစ်ခုတက်လာခဲ့ပါတယ်။ အဆိုပါ Video အရ Meizu M6S ဖုန်းမှာ 18:9 Ratio Display ကို အသုံးပြုလာမယ်ဆိုတာ ကျိန်းသေစေခဲ့တယ်လို့ ပြောလို့ရပါတယ်။

တစ်ခုထူးခြားတာကတော့ Meizu M6S ဖုန်းမှာ တစ်ခုထူးခြားတာက 18:9 Ratio Display ကို အသုံးပြုလိုက်တဲ့အတွက် Home Key ပါဝင်ခြင်းမရှိတော့ပေမယ့် Fingerprint Scanner ကို အခြားသောဖုန်းတွေလိုမျိုး ဖုန်းရဲ့ နောက်ကျောဘက်မှာ ထားထားတာမဟုတ်ပဲ ဖုန်းရဲ့ဘေးဘက်မှာရှိတဲ့ Power Button မှာ ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းရဲ့နောက်ကျောဘက်မှာရှိတာထက် ပိုပြီး အဆင်ပြေတယ်လို့ ပြောလို့ရမှာပါ။

Meizu M6S ဖုန်းရဲ့ အခြားသောအသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျမသိရသေးပဲ Meizu M6 Note လိုမျိုး Snapdragon CPU မဟုတ်ပဲ MediaTek CPU ကိုပဲ ပြန်ပြီးအသုံးပြုလာမယ်လို့ ခန့်မှန်းထားပါတယ်။