Meizu ကနေ နောက်နှစ်အစောပိုင်းမှာ စမတ်ဖုန်းတစ်လုံးကိုထုတ်လုပ်ဖို့ရှိနေပါတယ်။ အဲ့ဒါကတော့့ Meizu M6S စမတ်ဖုန်းပဲဖြစ်ပြီးတော့ Meizu ကုမ္ပဏီရဲ့ပထမဆုံးသော 18:9 Display အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Meizu M6S စမတ်ဖုန်းကို တရားဝင်ကြေငြာမယ့်အချိန်ကို မထုတ်ပြန်ထားသေးပေမယ့် China TENAA Certifications တွေအရ Meizu M6S စမတ်ဖုန်းရဲ့ Specifications အတိအကျကို သိရှိလာရပြီပဲဖြစ်ပါတယ်။

အဆိုပါ Meizu M6S စမတ်ဖုန်းမှာ 5.7″ Full HD+ Display ပါဝင်လာမှာဖြစ်ပြီးတြော 2930mAh Battery ပါဝင်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ MediaTek MT 6793 CPU ကို RAM 3GB, ROM 32GB Version ကနေ စတင်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ 13 MP Back Camera နဲ့ 5MP Front Selfie Camera တွေပါဝင်မှာဖြစ်ပါတယ်။

အခု Meizu M6S ဟာ လက်ရှိထွက်ရှိခဲ့သမျှ Meizu ဖုန်းတွေထဲမှာ ဒီဇိုင်းပိုင်းပြောင်းလဲထားတဲ့ဖုန်းတစ်ခုဖြစ်လာပြီးတော့ Fingerprint Sensor ကလည်း ဖုန်းရဲ့ ဘေးဘက် Power Button မှာပဲ ထားထားမယ်လို့ သိရပါတယ်။