Meizu ကနေ 18:9 Ratio Display ကို အသုံးပြုလာမယ့်ဖုန်းတစ်လုံးဖြစ်တဲ့ Meizu M6S စမတ်ဖုန်းဟာ အခုရက်ပိုင်းမှာ မကြာခဏသတင်းတွေပေါက်ကြားလာခဲ့ပြီး ထွက်ရှိမယ့်အချိန်နီးစပ်နေပြီဆိုတာကို ကြိုတင်ခန့်မှန်းလို့ရခဲ့ပါတယ်။

အခုအချိန်မှာတော့ Meizu ကနေ ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ Meizu M6S စမတ်ဖုန်းကို ထုတ်ပြန်ကြေငြာမှာဖြစ်တယ်လို့ တရားဝင်ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ အခုကြော်ငြာမှ 18:9 Ratio Display ကို အဓိကအနေနဲ့ ကြော်ငြာခဲ့တာဖြစ်ပါတယ်။

အခု 18:9 Ratio Full Screen Display ကို အသုံးပြုလာမယ့် Meizu M6S စမတ်ဖုန်းဟာဆိုရင် လက်ရှိ Meizu စမတ်ဖုန်းတွေထဲမှာ ပထမဆုံးသော 18:9 Ratio Display အသုံးပြုလာတဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာပြီး ဖုန်းရဲ့ အရှေ့ဘက်မှာလည်း ခလုတ်တစ်ခုမှပါဝင်မှာမဟုတ်တော့ပါဘူး။ အခုနောက်ပိုင်း သိရှိရတဲ့သတင်းတွေအရတော့ Meizu M6S စမတ်ဖုန်းမှာ Fingerprint Sensor က အခြားသော စမတ်ဖုန်းတွေလိုမဟုတ်ပဲ ဘေးဘက် ပါဝါခလုတ်မှာပဲတပ်ဆင်သွားမယ်လို့ သိရပါတယ်။

အခု Meizu M6S စမတ်ဖုန်းမှာ 5.7″ 18:9 Full HD Display ကို အသုံးပြုလာမှာဖြစ်ပြီး Samsung ရဲ့ နောက်ဆုံးပေါ် Exynos CPU ၊ RAM 4GB ၊ ROM 64GB နဲ့ 2930mAh Battery ပါဝင်မယ်လို့ သိရပါတယ်။