Meizu ကုမ္ပဏီဟာ စမတ်ဖုန်းတွေအပြင် အခြားဆက်စပ် Accessories တွေဖြစ်တဲ့ Earphone တွေနဲ့ Bluetooth Earphone တွေကိုလည်း ရောင်းချနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Meizu ကနေ လက်ရှိထုတ်ခဲ့သမျှ Earphone တွေထဲမှာ ဈေးအကြီးဆုံးဖြစ်လာတဲ့ Meizu Live Earphone ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။




အခုထွက်ရှိလာတဲ့ Meizu Live Earphone ဟာ အရည်အသေးအရတော့ ထိပ်တန်းအဆင့်ရှိနေမှာဖြစ်ပြီး ဖောက်ထွင်းမြင်ရတဲ့ Polycarbonate Body နဲ့ Metal တွေကိုပဲ အသုံးပြုပြီးပြုလုပ်ထားတာဖြစ်ပြီးတော့ Audio Driver တွေအနေနဲ့ လေးခုတောင် ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

Meizu Live Earphone မှာ နားကြပ်ခေါင်းတွေကို ဖြုတ်နိုင်ပြီး MMCX Connector အပြင် Nozzles တွေကိုလည်း Frequency ကို ကြိုက်သလိုပြောင်းလဲနိုင်အောင် အပိုတွေထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နားကြပ်အစွပ်တွေကိုလည်း ၇ စုံထည့်သွင်းပေးထားပြီး IPX7 အဆင့်ရှိတဲ့ အိတ်လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Meizu က အခု Meizu Live Earphone ကို ဒေါ်လာ ၂၀၀ နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။