Zawgyi

Snapdragon 865 ခ်စ္ပ္ဆက္အသစ္ကို အသုံးျပဳၿပီး ဖုန္းေတြ ထုတ္လုပ္သြားဖို႔ ကတိေပးလာတဲ့ စမတ္ဖုန္းထုတ္လုပ္သူေတြမွာ Xiaomi ဟာ အေစာဆုံးေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ သူတုိ႔ရဲ႕ Xiaomi Mi 10 မွာ စတင္အသုံးျပဳလာမယ္လို႔ ဆုိခဲ့တာေၾကာင့္ Qualcomm ခ်စ္ပ္ဆက္အသစ္အတြက္ ၿပိဳင္ပြဲမွာ ပထမဆုံးေစ်းကြက္ထဲ ပို႔ႏုိင္တဲ့သူျဖစ္လာမယ္လို႔ အမ်ားက ယူဆခဲ့ၾကပါတယ္။

ဒါေပမယ့္ Meizu ကုမၸဏီကလည္း သူတုိ႔ရဲ႕ Weibo စာမ်က္ႏွာမွာ ခ်က္ခ်င္းပုိစ့္တင္လာခဲ့ၿပီး မၾကာခင္ထြက္လာမယ့္ Meizu 17 Flagship စမတ္ဖုန္းအသစ္မွာ SD865 ကုိအသုံးျပဳလာမွာျဖစ္ေၾကာင္းနဲ႔ ေစ်းကြက္ထဲကို အမွန္တကယ္ ပထမဆုံး ေရာင္းခ်မယ့္ SD865 အသုံးျပဳ စမတ္ဖုန္းျဖစ္လာမယ္လို႔ ေၾကညာလာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ Meizu 17 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို မသိရေသးေပမယ့္ ဒီဖုန္းဟာ ၂၀၂၀ ေႏြရာသီမွာ ထြက္လာမယ္ဆုိတာေတာ့ သိထားရပါတယ္။ Meizu အတြက္ ပထမဆုံး Dual-mode 5G စမတ္ဖုန္းျဖစ္ၿပီး ထုတ္လုပ္ဖူးသမွ်ထဲမွာ စြမ္းအားအေကာင္းဆုံးထုတ္ကုန္ျဖစ္လာမယ္လို႔လည္း ဆုိထားပါတယ္။

Xiaomi နဲ႔ Oppo ကုမၸဏီေတြကလည္း SD865 တပ္ဆင္ထားတဲ့ စမတ္ဖုန္းသစ္ေတြကို ၂၀၂၀ ပထမသုံးလပတ္မွာ မိတ္ဆက္သြားဖို႔ အတည္ျပဳခဲ့ပါတယ္။ Xiaomi ကေတာ့ သူတုိ႔ရဲ႕ Xiaomi Mi 10 စမတ္ဖုန္းဟာ SD865 အသုံးျပဳလာတဲ့ ပထမဆုံးထုတ္ကုန္ျဖစ္လာမယ္လို႔ ျမန္ျမန္ဆန္ဆန္ပဲ ေၾကညာလာခဲ့တာပါ။

Qualcomm ရဲ႕ ခ်စ္ပ္ဆက္အသစ္ Snapdragon 865 ဟာ စြမ္းအားျမင့္ Flagship လယ္ဗယ္ 5G စမတ္ဖုန္းေတြ အတြက္ သီးသန္႔ရည္ရြယ္ထုတ္လုပ္ထားတဲ့ ခ်စ္ပ္ဆက္အသစ္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ထုတ္လုပ္သူေတြဟာ SD865 နဲ႔ 4G ဖုန္းေတြ ထုတ္လုပ္မွာမဟုတ္ပါဘူး။ SD865 ဟာ 200MP ကင္မရာ Sensor ကိုေထာက္ပံ့ေပးႏုိင္စြမ္းရွိၿပီး 8K ဗီဒီယုိေတြကို 30fps ႏႈန္းနဲ႔ ရုိက္ကူးႏုိင္ေစမွာပါ။

Ref – Gizmo China

Unicode

Snapdragon 865 ချစ်ပ်ဆက်အသစ်ကို အသုံးပြုပြီး ဖုန်းတွေ ထုတ်လုပ်သွားဖို့ ကတိပေးလာတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေမှာ Xiaomi ဟာ အစောဆုံးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့ Xiaomi Mi 10 မှာ စတင်အသုံးပြုလာမယ်လို့ ဆိုခဲ့တာကြောင့် Qualcomm ချစ်ပ်ဆက်အသစ်အတွက် ပြိုင်ပွဲမှာ ပထမဆုံးဈေးကွက်ထဲ ပို့နိုင်တဲ့သူဖြစ်လာမယ်လို့ အများက ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် Meizu ကုမ္ပဏီကလည်း သူတို့ရဲ့ Weibo စာမျက်နှာမှာ ချက်ချင်းပိုစ့်တင်လာခဲ့ပြီး မကြာခင်ထွက်လာမယ့် Meizu 17 Flagship စမတ်ဖုန်းအသစ်မှာ SD865 ကိုအသုံးပြုလာမှာဖြစ်ကြောင်းနဲ့ ဈေးကွက်ထဲကို အမှန်တကယ် ပထမဆုံး ရောင်းချမယ့် SD865 အသုံးပြု စမတ်ဖုန်းဖြစ်လာမယ်လို့ ကြေညာလာခဲ့ပါတယ်။

လက်ရှိအချိန်မှာ Meizu 17 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မသိရသေးပေမယ့် ဒီဖုန်းဟာ ၂၀၂၀ နွေရာသီမှာ ထွက်လာမယ်ဆိုတာတော့ သိထားရပါတယ်။ Meizu အတွက် ပထမဆုံး Dual-mode 5G စမတ်ဖုန်းဖြစ်ပြီး ထုတ်လုပ်ဖူးသမျှထဲမှာ စွမ်းအားအကောင်းဆုံးထုတ်ကုန်ဖြစ်လာမယ်လို့လည်း ဆိုထားပါတယ်။

Xiaomi နဲ့ Oppo ကုမ္ပဏီတွေကလည်း SD865 တပ်ဆင်ထားတဲ့ စမတ်ဖုန်းသစ်တွေကို ၂၀၂၀ ပထမသုံးလပတ်မှာ မိတ်ဆက်သွားဖို့ အတည်ပြုခဲ့ပါတယ်။ Xiaomi ကတော့ သူတို့ရဲ့ Xiaomi Mi 10 စမတ်ဖုန်းဟာ SD865 အသုံးပြုလာတဲ့ ပထမဆုံးထုတ်ကုန်ဖြစ်လာမယ်လို့ မြန်မြန်ဆန်ဆန်ပဲ ကြေညာလာခဲ့တာပါ။

Qualcomm ရဲ့ ချစ်ပ်ဆက်အသစ် Snapdragon 865 ဟာ စွမ်းအားမြင့် Flagship လယ်ဗယ် 5G စမတ်ဖုန်းတွေ အတွက် သီးသန့်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ချစ်ပ်ဆက်အသစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ထုတ်လုပ်သူတွေဟာ SD865 နဲ့ 4G ဖုန်းတွေ ထုတ်လုပ်မှာမဟုတ်ပါဘူး။ SD865 ဟာ 200MP ကင်မရာ Sensor ကိုထောက်ပံ့ပေးနိုင်စွမ်းရှိပြီး 8K ဗီဒီယိုတွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်စေမှာပါ။

Ref – Gizmo China