လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လဝန်းကျင်တုန်းက Meizu စမတ်ဖုန်းကုမ္ပဏီကို တရုတ်နိုင်ငံအခြေစိုက် ကားကုမ္ပဏီကြီးဖြစ်တဲ့ Geeky ကနေ ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှ Meizu ဟာ စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်ခဲ့ပြီး မနှစ်တုန်းက Meizu 20 Series အပြင် မကြာသေးခင်တုန်းကမှ Meizu 21 Flagship ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း Meizu ကနေ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ လျှပ်စစ်ကား (EV) စျေးကွက်အတွင်းကို ဝင်ရောက်တော့မယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပါတယ်။ ဒါကတော့ Meizu DreamCar MX လို့ နာမည်ပေးထားတဲ့ လျှပ်စစ်ကားကို လာမယ့် ၂၀၂၄ ခုနှစ် ပထမ ၃ လပါတ်အတွင်းမှာ စျေးကွက်အတွင်းကို တရားဝင်မိတ်ဆက်သွားဖို့ စီစဥ်ထားတာပဲဖြစ်ပါတယ်။

Meizu ကနေ ထုတ်ပြန်ခဲ့တဲ့ Teaser ဓါတ်ပုံအရ Meizu DreamCar MX ဟာ ဆလွန်းကား (Sedan) အမျိုးအစားဖြစ်မယ်လို့ ခန့်မှန်းရပြီး ပုံစံကလည်း Sport Car တွေနဲ့ပိုပြီး ဆင်တူတာကိုတွေ့ရပါတယ်။ Meizu ရဲ့ ပြောကြားချက်အရ အဆိုပါ DreamCar MX ရဲ့ အတွင်းပိုင်းအရောင်တွေ၊ ဆေးရောင်နဲ့ တခြားအနုစိတ်အချက်တွေကို Meizu Community က အသုံးပြုသူတွေရဲ့ Feedback ဖြင့် ပြင်ဆင်ထုတ်လုပ်သွားမယ်လို့သိရပါတယ်။

Meizu ဟာ လက်ရှိ Meizu ဖုန်းတွေမှာလည်း လျှပ်စစ်ကားတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် Flyme Auto Software Feature ကိုထည့်သွင်းထားပြီး Meizu ရဲ့ ပထမဆုံး လျှပ်စစ်ကားမှာလည်း အဆိုပါ Flyme Auto ဖြင့် အဓိက ထိန်းချူပ်သွားမယ်လို့ ခန့်မှန်းရပါတယ်။ အဆိုပါ Flyme Auto ရဲ့ ထူးခြားတဲ့ Feature တစ်ခုက စမတ်ဖုန်းရဲ့ User Interface ကို ကားပေါ်က Screen ကို Cast ပြုလုပ်နိုင်တာပဲဖြစ်ပြီး စမတ်ဖုန်းတစ်လုံးကို အသုံးပြုနေရသလို လွယ်ကူနေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Meizu နည်းတူ Xiaomi ကလည်း လာမယ့် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ Xiaomi SU7 နာမည်နဲ့ လျှပ်စစ်ကားကို မိတ်ဆက်ဖို့ရှိနေတာကြောင့် Meizu နဲ့ ပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။

Ref – Gizmo China