[Unicode]

ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက Meizu ဟာ စမတ်ဖုန်းထုတ်လုပ်ရေး နယ်ပယ်ထဲမှာ ချောမွေ့တဲ့ ဖြတ်သန်းမှုရဖို့အတွက် ရုန်းကန်ခဲ့ရတာပါ။ ကုမ္ပဏီရဲ့ ဈေးကွက်ဝေစုဟာ ဆက်တိုက်ဆိုသလို ကျဆင်းလာတာဖြစ်ပြီး ပိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်နေခဲ့ရပါတယ်။

ဒါပေမယ့်လည်း ကုမ္ပဏီကတော့ အလွယ်တကူလက်လျှော့လိုက်ဖို့ထက် ရှေ့ဆက်တိုးဖို့ပဲ ကြိုးစားနေခဲ့တာပါ။ ကုမ္ပဏီရဲ့ နည်းပညာအရာရှိချုပ် Liang Dongming ကတော့ အင်တာဗျူးတစ်ခုမှာ Meizu အနေနဲ့လာမယ့် ၂၀၂၀ အတွင်း High-End 5G စမတ်ဖုန်း ၄ မျိုးကို ထုတ်လုပ်ရောင်းချသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ အမှတ်တံဆိပ်ကသာ ပထမဦးစားပေး မဟာဗျူဟာနဲ့အတူ ဈေးကွက်ထဲပြန်လည်ပြိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။ ကုမ္ပဏီဟာ 5G စမတ်ဖုန်းကို အလျင်စလိုမထုတ်လုပ်ရတဲ့အကြောင်းရင်းက Snapdragon 865 ကို စောင့်ဆိုင်းနေတာကြောင့်လို့ ဆိုပါတယ်။

Meizu ဟာ Snapdragon X50 solution ထက် ပိုပြီးပြည့်စုံတဲ့ Snapdragon X55 solution နဲ့အတူ သူတို့ရဲ့ 5G စမတ်ဖုန်းကို ထုတ်လုပ်ချင်တာ ဖြစ်တယ်လို့ဆိုပါတယ်။ အခုအချိန်ထိတော့ လာမယ့်နှစ် ပထမသုံးလပတ်မှာ အလုံးအရင်းနဲ့ ထုတ်လုပ်မယ့် Meizu ရဲ့ High-End 5G စမတ်ဖုန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မရရှိသေးတာကြောင့် သတင်းအစအနထွက်လာမယ့်အချိန်ကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

၂၀၂၀ မွာ High-End 5G စမတ္ဖုန္းေတြ ထုတ္လုပ္ေရာင္းခ်သြားမယ့္ Meizu

ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက Meizu ဟာ စမတ္ဖုန္းထုတ္လုပ္ေရး နယ္ပယ္ထဲမွာ ေခ်ာေမြ႕တဲ့ ျဖတ္သန္းမႈရဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာပါ။ ကုမၸဏီရဲ႕ ေဈးကြက္ေဝစုဟာ ဆက္တိုက္ဆိုသလို က်ဆင္းလာတာျဖစ္ၿပီး ပိုျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြကို ရင္ဆိုင္ေနခဲ့ရပါတယ္။

ဒါေပမယ့္လည္း ကုမၸဏီကေတာ့ အလြယ္တကူလက္ေလွ်ာ့လိုက္ဖို႔ထက္ ေရွ႕ဆက္တိုးဖို႔ပဲ ႀကိဳးစားေနခဲ့တာပါ။ ကုမၸဏီရဲ႕ နည္းပညာအရာရွိခ်ဳပ္ Liang Dongming ကေတာ့ အင္တာဗ်ဴးတစ္ခုမွာ Meizu အေနနဲ႔လာမယ့္ ၂၀၂၀ အတြင္း High-End 5G စမတ္ဖုန္း ၄ မ်ိဳးကို ထုတ္လုပ္ေရာင္းခ်သြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ ကုမၸဏီအေနနဲ႔ အမွတ္တံဆိပ္ကသာ ပထမဦးစားေပး မဟာဗ်ဴဟာနဲ႔အတူ ေဈးကြက္ထဲျပန္လည္ၿပိဳင္ဆိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ဖြင့္ဟခဲ့ပါေသးတယ္။ ကုမၸဏီဟာ 5G စမတ္ဖုန္းကို အလ်င္စလိုမထုတ္လုပ္ရတဲ့အေၾကာင္းရင္းက Snapdragon 865 ကို ေစာင့္ဆိုင္းေနတာေၾကာင့္လို႔ ဆိုပါတယ္။

Meizu ဟာ Snapdragon X50 solution ထက္ ပိုၿပီးျပည့္စုံတဲ့ Snapdragon X55 solution နဲ႔အတူ သူတို႔ရဲ႕ 5G စမတ္ဖုန္းကို ထုတ္လုပ္ခ်င္တာ ျဖစ္တယ္လို႔ဆိုပါတယ္။ အခုအခ်ိန္ထိေတာ့ လာမယ့္ႏွစ္ ပထမသုံးလပတ္မွာ အလုံးအရင္းနဲ႔ ထုတ္လုပ္မယ့္ Meizu ရဲ႕ High-End 5G စမတ္ဖုန္းနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို မရရွိေသးတာေၾကာင့္ သတင္းအစအနထြက္လာမယ့္အခ်ိန္ကို ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

Ref: Gizmochina