Meizu ကနေ ယခုနှစ်အစောပိုင်းမှာ Meizu M6S စမတ်ဖုန်းကိုထုတ်လုပ်ခဲ့ပြီးတော့ အခုအချိန်မှာတော့ နောက်ထပ် Full Screen Display နဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။ အခု စမတ်ဖုန်းကိုတော့ Meizu E3 လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

အခု Meizu E3 စမတ်ဖုန်းဟာ 18:9 Ratio 5.99″ Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ အခြားသော Meizu စမတ်ဖုန်းတွေလိုမျိုးပဲ လှပတဲ့ Metal Body ကိုအသုံးပြုထားမယ်လို့ သိရပါတယ်။ Meizu ကနေ အခု E3 စမတ်ဖုန်းမှာ 3300mAh Battery ကိုထည့်သွင်းထားမှာလည်းဖြစ်ပါတယ်။

Meizu E3 စမတ်ဖုန်းမှာ Meizu ရဲ့ နောက်ထပ် Dual Camera ပါဝင်လာမယ့် စမတ်ဖုန်းတစ်ခုဖြစ်လာဦးမှာဖြစ်ပြီးတော့ 12MP + 20MP Back Camera နဲ့အတူ 8MP Selfie Camera ကိုတပ်ဆင်ထားမှာဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Meizu E3 စမတ်ဖုန်းဟာ MediaTek ရဲ့ နောက်ဆုံးထွက် စွမ်းဆောင်ရည်မြင့် Helio P70 Processor ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ RAM အနေနဲ့ 4GB သို့မဟုတ် 6GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage ကိုလည်း 128GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Meizu ကနေ အခု Meizu E3 စမတ်ဖုန်းကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ပဲ ရောင်းချသွားမှာဖြစ်တဲ့အတွက် မြန်မာငွေအနေနဲ့ ၂ သိန်းခွဲဝန်းကျင်ပဲ ရှိမှာဖြစ်ပါတယ်။