Meizu ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Meizu E3 နာမည်နဲ့ စမတ်ဖုန်းတစ်ခုထုတ်လုပ်သွားဖို့ရှိနေတယ်ဆိုပြီး ကြေငြာခဲ့တာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Meizu ကုမ္ပဏီကနေ အဆိုပါ Meizu E3 ဖုန်းကို တရားဝင်ကြေငြာမယ့်ရက်ကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

Meizu က အခု Meizu E3 ကို လာမယ့် မတ်လ ၃ ရက်နေ့မှာ ကြေငြာသွားမှာဖြစ်ပြီး ကုမ္ပဏီရဲ့ တရားဝင် Teaser ဓါတ်ပုံတွေကို ထုတ်ဖော်ခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံတွေက ကင်မရာ Lens နဲ့ ဒယ်အိုးပုံတွေဖြစ်ပြီး စာအနေနဲ့ E3 G နဲ့ E3 P လို့ ရေးထားတဲ့အတွက် Gaming နဲ့ Photography ပိုင်းကို အာရုံစိုက်လာမယ်လို့ ယူဆရပါတယ်။

အခု ထွက်ပေါ်လာမယ့် Meizu E3 စမတ်ဖုန်းဟာ Fingerprint Scanner ကို ဖုန်းရဲ့ ဘေးဘက် Power ခလုတ်မှာ တပ်ဆင်ထားမှာဖြစ်ပြီး Dual Camera နဲ့ အတူ 18:9 Display ပါဝင်လာမယ်လို့ သိရပါတယ်။ Gaming ကို ဦးတည်တဲ့အတွက် Processor ကိုလည်း စွမ်းဆောင်ရည်မြင့် Processor သုံးလာမယ်လို့ ယူဆရပါတယ်။


Meizu ရဲ့ အခု E3 စမတ်ဖုန်းက ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၃၀၀ အထက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် Budget ဖုန်းအနေနဲ့တော့ သတ်မှတ်လို့ရမယ့်ပုံမပေါ်ပါဘူး။