Meizu ရဲ့ ကိုယ်ပိုင် Operating System တစ်ခုဖြစ်တဲ့ Flyme ဟာ လက်ရှိအချိန်မှာ Flyme Version 6 ကိုရောက်ရှိနေပြီဖြစ်ပြီးတော့ အဆိုပါ Flyme 6 ဟာလည်း ထွက်ရှိတာ ၁ နှစ်ကျော်ကြာသွားခဲ့ပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် Meizu ကနေ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်မှာ Flyme Version အသစ်ဖြစ်တဲ့ Flyme 7 ကို မိတ်ဆက်သွားမယ်လို့ သိရပြီးတော့ အဓိကပြောင်းလဲမှုတွေအနေနဲ့ Meizu ကနေ အသစ်ထုတ်လုပ်ထားတဲ့ mQuick Feature နဲ့ ညဏ်ရည်တုနည်းပညာဖြစ်တဲ့ One Mind AI 2.0 တို့ပါ တစ်ခါထဲပါဝင်လာမယ်လို့ သိရပါတယ်။ ကျန်တဲ့ပြောင်းလဲမှုတွေကတော့ အသေးစား UI ပိုင်း ပြင်ဆင်မှုတွေပဲရှိမှာဖြစ်ပါတယ်။

အခုလိုမျိုး Flyme 7 UI ဟာ လက်ရှိ Meizu စမတ်ဖုန်းတွေအကုန်လုံးနီးပါး ရရှိလာမယ်လို့ ခန့်မှန်းရပြီး အခုထက် ပိုကောင်းတဲ့ Battery Life နဲ့ Multitasking ပိုင်းမှာ ပိုပြီး အသုံးပြုရတာ သွက်လာမယ်လို့ Meizu ကပြောကြားထားပြီးတော့ Flyme 7 ဟာ Android 7 Nougat ပေါ်မှာပဲ အခြေခံပြီး ထွက်လာမှာလား? Android Oreo 8.0 ကို အခြေခံပြီး ထွက်လာမှာလားဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Meizu က လက်ရှိအချိန်မှာ Mid Range ဖုန်းတစ်ခုဖြစ်တဲ့ Meizu M6s စမတ်ဖုန်းကိုထုတ်လုပ်ထားပြီး မကြာခင်မှာလည်း ကုမ္ပဏီ ၁၅ နှစ်ပြည့်အနေနဲ့ Meizu 15 နဲ့ 15 Plus စမတ်ဖုန်းတွေကို ထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။