Meizu ကုမ္ပဏီဟာ ပုံမှန်အားဖြင့် အခြားသော ပြိုင်ဘက်ကုမ္ပဏီတွေလိုမျိုး ဖုန်းသစ်တွေကို အမြဲတမ်းထုတ်နေတဲ့ ကုမ္ပဏီမဟုတ်ပဲ တစ်နှစ်ကို ဖုန်းအရေအတွက် အနည်းငယ်ပဲ ထုတ်လုပ်ရောင်းချတတ်တဲ့ ကုမ္ပဏီတစ်ခုလို့ ပြောရမှာပါ။

ဒါပေမယ့် ဒါက နောက်နှစ်မှာပြောင်းလဲသွားတော့မယ့်ပုံပါပဲ။ ဘာဖြစ်လို့လည်းဆိုရင် Meizu ကနေ လာမယ့် ၂၀၁၈ ပထမ ခြောက်လထဲမှာတင် စမတ်ဖုန်း ၆ လုံးခန့် ထုတ်လုပ်သွားမယ်လို့ ကြေငြာလိုက်တာကြောင့်ဖြစ်ပါတယ်။

အဆိုပါ Meizu စမတ်ဖုန်း ၆ လုံးဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဂျွန်လအတွင်း ထုတ်သွားမှာဖြစ်ပြီး အစောဆုံးထုတ်လုပ်ဖို့ သေချာနေတာကတော့ Meizu M6S ဖုန်းပဲဖြစ်ပါတယ်။

Meizu M6S ဖုန်းဟာ လက်ရှိရောင်းချနေတဲ့ Meizu M6 နဲ့ M6 Note ဖုန်းတွေကို Update ပြုလုပ်ထားတဲ့ဖုန်းတစ်ခုဖြစ်ပြီးတော့ 18:9 Ratio Display နဲ့ Fingerprint Scanner ကို ဖုန်းရဲ့ဘေးဘက် Power ခလုတ်မှာ တပ်ဆင်ထားမှာဖြစ်ပါတယ်။