Meizu ကနေ အခုနှစ်မှာ Flagship Processor ဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 845 Processor ကိုအသုံးပြုပြီးတော့ Meizu X2 နာမည်နဲ့ စမတ်ဖုန်းအသစ်ကိုထုတ်လုပ်မယ်လို့ တရားဝင်ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။

အခုသတင်းကို Meizu ရဲ့ Vice President ဖြစ်တဲ့ Li Nan ကအတည်ပြုပေးခဲ့တာဖြစ်ပြီး ၂၀၁၈ နှစ်ဝက်နောက်ပိုင်းမှာ ထွက်ရှိလာမယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ Meizu X2 စမတ်ဖုန်းဟာ Qualcomm Snapdragon 845 ကို အသုံးပြုလာမယ့် စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ ယူရို ၃၈၄ ဝန်းကျင်လောက် ကျသင့်မှာဖြစ်တဲ့အတွက် မြန်မာငွေကျန် ၅ သိန်းကျော်လောက်ပဲ ရှိမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Meizu X2 စမတ်ဖုန်းမှာ ကျွန်တော်တို့ အစကထင်ထားသလိုမျိုး Mid Range စမတ်ဖုန်းတစ်ခုမဟုတ်ပဲနဲ့ Flagship ဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းအရ အရမ်းမြင့်မားခြင်းမရှိတဲ့အတွက် Meizu X2 ဟာ ယခင်က Meizu Pro 7 လိုမျိုး Second Screen ပါဝင်လာမလားဆိုတာကတော့ အသေးစိတ်စောင့်ကြည့်ရမှာပါ။