ယခင် သမ္မတဟောင်း ကတော် Melania Trump ဟာ NFT White House Collection အသစ်ကို ရောင်းချပေးလိုက်ပါတယ်။ Official POTUS NFT Collection လို့ နာမည်ပေးထားပြီး Collection မှာ သမ္မတ Trump စီမံအုပ်ချုပ်တဲ့ သက်တမ်းက အထင်ကရ ပုံရိပ်တွေကို ထင်ဟပ်ပြသထားတဲ့ ဒစ်ဂျစ်တယ် အနုပညာလက်ရာ ပစ္စည်း ၁၀ ခု ပါတယ်လို့ Melania Trump ရဲ့ ရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
Official POTUS TRUMP NFT Collection // Launching Presidents Day pic.twitter.com/fHht5vQesL
— MELANIA TRUMP (@MELANIATRUMP) February 17, 2022
အဲဒီ အထင်ကရ ပုံရိပ်တွေထဲမှာ ၂၀၂၀ ခုနှစ်က သမ္မတ Donald Trump ရဲ့ Mt. Rushmore သို့ လည်ပတ်တဲ့ ခရီးစဉ်နဲ့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ ခရစ်စမတ် ပွဲတော်တွေ ပါဝင်ပါတယ်။ ဒစ်ဂျစ်တယ် အနုပညာလက်ရာ ပစ္စည်း ၁၀ ခုအတွက် Edition ပေါင်း ၅၀၀ ကနေ ၁,၇၅၀ အထိ ထုတ်လုပ်ပေးထားကာ NFT စုစုပေါင်း ၁၀,၀၀၀ ရှိပါတယ်။ Solana Cryptocurrency Blockchain မှာ NFT ၁ ခုကို ဒေါ်လာ ၅၀ သတ်မှတ်ထားပြီး ဝယ်ယူပြီးနောက်မှာ ဘယ်အနုပညာလက်ရာ ပစ္စည်း ဖြစ်တယ်ဆိုတာ သိခွင့်ရကြမှာ ဖြစ်ပါတယ်။ ဝယ်ယူပြီးနောက်မှ NFT ကို သိရမယ့်အတွက် စိတ်လှုပ်ရှားစရာ ဖြစ်စေမှာပါ။
NFT ဟာ ဓါတ်ပုံ၊ ပိုစတာ၊ အသံဖိုင်တို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain မှာ မှတ်တမ်းတင်ပေးထားပါတယ်။
Melania Trump ဟာ ပြီးခဲ့တဲ့ လကလည်း NFT တွေကို ပွဲထုတ်ခဲ့ပြီး Solano Blockchain မှာ “Head of State Collection , 2022” NFT ကို လေလံတင်ရောင်းချခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က အိမ်ဖြူတော်မှာ ပြင်သစ် သမ္မတနဲ့ တွေ့ဆုံခဲ့စဉ်က သူမ ဝတ်ဆင်ထားတဲ့ အဖြူရောင် ဦးထုပ်ကို NFT အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ လက်ရှိပေါက်ဈေးအရ ဒေါ်လာ ၁၈၅,၀၀၀ ဝန်းကျင်ရှိတဲ့ 1,800 SOL Cryptocurrency နဲ့ အဲဒီ NFT ကို ရောင်းချနိုင်ခဲ့ပါတယ်။
Ref : huffpost