[Zawgyi]

Mercedes-Benz ရဲ႕မိခင္ ကုမၸဏီ ျဖစ္တဲ့ Daimler နဲ႔ ကားအစိတ္အပိုင္းေတြ ထုတ္လုပ္ေပးတဲ့ Bosch တို႔က အလိုအေလွ်ာက္ ကားပါကင္ထိုးတဲ့နည္းပညာကို စမ္းသပ္ဖို႔အတြက္ ဂ်ာမနီႏုိင္ငံ စတုဂတ္မွ အာဏာပိုင္ေတြရဲ႕ ခြင့္ျပဳခ်က္ကို ရရွိၿပီးၿပီလို႔ အဂၤါေန႔က ေၾကညာခဲ့ပါတယ္။ စမ္းသပ္မႈကို Mercedes-Benz Museum ကားဂိုေဒါင္မွာ ျပဳလုပ္မွာပါ။ ကားေတြ အလိုအေလွ်ာက္ ပါကင္ထိုးတာကို ေစာင့္ၾကည့္ဖို႔အတြက္ ကားဂိုေဒါင္မွာ ဆန္ဆာေတြ တပ္ဆင္ထားပါတယ္။

ကား ပါကင္ေရာက္ရင္ ပိုင္ရွင္က ကားေပၚကဆင္းၿပီး App မွာ ခလုတ္တစ္ခ်က္ႏွိပ္လိုက္တာနဲ႔ ကားက အလိုအေလွ်ာက္ ပါကင္ထိုးေပးမွာ ျဖစ္ပါတယ္။ ကားကို ပါကင္ကေန ျပန္ထုတ္ဖို႔အတြက္လည္း အရမ္းကို လြယ္ကူပါတယ္။ App မွာ ခလုတ္တစ္ခ်က္ ႏွိပ္လိုက္တာနဲ႔ အိုေကပါၿပီ။ ကားပါကင္မွာ အထုတ္၊ အသြင္း ျပဳလုပ္ဖို႔ လူသားယာဥ္ေမာင္းေတြ မလိုေတာ့ဘူးလို႔ Daimler နဲ႔ Bosch တို႔ကေျပာပါတယ္။

ကားဟာ အလိုအေလွ်ာက္ ေမာင္းႏွင္ေနတာကို အနီးအနားမွ လူေတြ သိေအာင္ စိမ္းျပာေရာင္ ကားမီးနဲ႔ အသိေပးမွာ ျဖစ္ပါတယ္။ ကားရဲ႕ ဆန္ဆာနဲ႔ ကင္မရာေတြက သြားမယ့္ လမ္းမွ လမ္းသြားလမ္းလာေတြနဲ႔ အတားအဆီးေတြကို ေရွာင္ရွားေပးမွာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ နည္းပညာဟာ Level 4 Automation ပါတဲ့ ပထမဆံုး ေမာင္းသူမဲ့ ကားစနစ္ျဖစ္တယ္လို႔ ကုမၸဏီႏွစ္ခုက ေျပာပါတယ္။

အလိုအေလွ်ာက္ ကားပါကင္ထိုးတဲ့ နည္းပညာကို စမ္းသပ္ေနတာ Daimler နဲ႔ Bosch တို႔ခ်ည္းပဲ မဟုတ္ပါဘူး။ Tesla CEO Elon Musk က Enhanced Summon အမည္ရ အလိုအေလွ်ာက္ ကားပါကင္ထိုးတဲ့ နည္းပညာကို သူ႔ရဲ႕ ကားေတြမွာ ထည့္သြင္းေပးဖို႔ စီစဥ္ေနတယ္လို႔ အခုႏွစ္ အေစာပိုင္းက ေျပာခဲ့ပါတယ္။

Ref : theverge

[Unicode]

အလိုအလျှောက် ကားပါကင်ထိုးတဲ့နည်းပညာကို စမ်းသပ်ခွင့်ရသွားတဲ့ Mercedes

Mercedes-Benz ရဲ့မိခင် ကုမ္ပဏီ ဖြစ်တဲ့ Daimler နဲ့ ကားအစိတ်အပိုင်းတွေ ထုတ်လုပ်ပေးတဲ့ Bosch တို့က အလိုအလျှောက် ကားပါကင်ထိုးတဲ့နည်းပညာကို စမ်းသပ်ဖို့အတွက် ဂျာမနီနိုင်ငံ စတုဂတ်မှ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ရရှိပြီးပြီလို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ စမ်းသပ်မှုကို Mercedes-Benz Museum ကားဂိုဒေါင်မှာ ပြုလုပ်မှာပါ။ ကားတွေ အလိုအလျှောက် ပါကင်ထိုးတာကို စောင့်ကြည့်ဖို့အတွက် ကားဂိုဒေါင်မှာ ဆန်ဆာတွေ တပ်ဆင်ထားပါတယ်။

ကား ပါကင်ရောက်ရင် ပိုင်ရှင်က ကားပေါ်ကဆင်းပြီး App မှာ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ကားက အလိုအလျှောက် ပါကင်ထိုးပေးမှာ ဖြစ်ပါတယ်။ ကားကို ပါကင်ကနေ ပြန်ထုတ်ဖို့အတွက်လည်း အရမ်းကို လွယ်ကူပါတယ်။ App မှာ ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ အိုကေပါပြီ။ ကားပါကင်မှာ အထုတ်၊ အသွင်း ပြုလုပ်ဖို့ လူသားယာဉ်မောင်းတွေ မလိုတော့ဘူးလို့ Daimler နဲ့ Bosch တို့ကပြောပါတယ်။

ကားဟာ အလိုအလျှောက် မောင်းနှင်နေတာကို အနီးအနားမှ လူတွေ သိအောင် စိမ်းပြာရောင် ကားမီးနဲ့ အသိပေးမှာ ဖြစ်ပါတယ်။ ကားရဲ့ ဆန်ဆာနဲ့ ကင်မရာတွေက သွားမယ့် လမ်းမှ လမ်းသွားလမ်းလာတွေနဲ့ အတားအဆီးတွေကို ရှောင်ရှားပေးမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပညာဟာ Level 4 Automation ပါတဲ့ ပထမဆုံး မောင်းသူမဲ့ ကားစနစ်ဖြစ်တယ်လို့ ကုမ္ပဏီနှစ်ခုက ပြောပါတယ်။

အလိုအလျှောက် ကားပါကင်ထိုးတဲ့ နည်းပညာကို စမ်းသပ်နေတာ Daimler နဲ့ Bosch တို့ချည်းပဲ မဟုတ်ပါဘူး။ Tesla CEO Elon Musk က Enhanced Summon အမည်ရ အလိုအလျှောက် ကားပါကင်ထိုးတဲ့ နည်းပညာကို သူ့ရဲ့ ကားတွေမှာ ထည့်သွင်းပေးဖို့ စီစဉ်နေတယ်လို့ အခုနှစ် အစောပိုင်းက ပြောခဲ့ပါတယ်။

Ref : theverge