Meta က Twitter ကို ယှဉ်ပြိုင်မယ့် Threads ကို ဇူလိုင်လ ၆ ရက်နေ့ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ Threads လူမှုကွန်ရက် App ကို Apple App Store မှာ တင်ထားပြီ ဖြစ်ပြီး ကြိုတင်မှာယူခွင့်ပေးထားပါတယ်။ Google Play Store မှာလည်း တင်ထားတဲ့အတွက် Android Users တွေအတွက် မကြာခင် ရရှိတော့မှာ ဖြစ်ပါတယ်။ Threads ရဲ့ Webpage ၁ ခုကို လွှင့်တင်ထားပြီး Login Page နဲ့ တခြား အသုံးဝင်တဲ့သတင်းအချက်အလက်တွေတော့ မတွေ့ရသေးပါဘူး။

Threads on the App Store

Twitter ရဲ့ ပြိုင်ဖက် ဖြစ်လာမယ့် Meta ရဲ့ တရားဝင် App အမည်က “Threads, an Instagram App” ဖြစ်ပြီး App Screenshot တွေအရ Users တွေဟာ သူတို့ရဲ့ Instagram အကောင့်တွေနဲ့ Sign Up လုပ်နိုင်မှာ ဖြစ်ပါတယ်။ Instagram က Username , Follower နဲ့ တခြား အကောင့် သတင်းအချက်အလက်တွေကိုလည်း Threads ကို ယူဆောင်လာမှာ ဖြစ်ပါတယ်။ Threads လူမှုကွန်ရက်ကို Instagram ရဲ့ စာသား အခြေပြု Conversation App လို့ ညွှန်းဆိုထားပြီး Instagram နဲ့ App Interface တူညီမှာ ဖြစ်ပါတယ်။

ပို့စ်တွေမှာ Like, Comment, Repost နဲ့ Share Options တွေ ပါလာမှာ ဖြစ်ပြီး User Engagement ပိုကောင်းအောင် ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ Users တွေဟာ ပို့စ်တွေမှာ ဓါတ်ပုံတွေ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ Threads မှာ Mastodon က သုံးတဲ့ ဗဟိုထိန်းချုပ်မှုကို လျှော့ချထားတဲ့ လူမှုကွန်ရက် Protocol ဖြစ်တဲ့ ActivityPub ကို သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena