Facebook ဟာ ကုမ္ပဏီနာမည်ကို Meta လို့ ပြောင်းလဲလိုက်ပြီးတဲ့နောက် Metaverse ထဲကို ဝင်ရောက်တော့မဲ့ ခြေလှမ်းတွေကို ပိုပြီးသွက်လက်လှုပ်ရှားနေတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ နာမည်ဟောင်းနဲ့ကျန်ခဲ့တဲ့ သူ့ရဲ့ဆိုရှယ်မီဒီယာတွေကတော့ ပြဿနာပေါင်းများစွာနဲ့ လုံးလည်လိုက်နေတုန်းပါပဲ။

EU ရဲ့ ဥပဒေသစ်အရ ဒေတာတွေကို ဥရောပဆာဗာတွေပေါ်မှာ သိမ်းဆည်းပြီးစီမံဆောင်ရွက်ဖို့အတွက် သုံးစွဲသူဒေတာကို စုဆောင်းတဲ့ကုမ္ပဏီတွေ လိုအပ်နေပါတယ်။ Facebook နဲ့ Instagram တို့ရဲ့ ဒေတာတွေဟာ ဥရောပနဲ့ အမေရိက နှစ်ခုလုံးမှာလုပ်ဆောင်ပြီး ဒါတွေဟာ လူမှုကွန်ရက် ပလက်ဖောင်းပေါ်မှာလုပ်ဆောင်နေတဲ့ ပစ်မှတ်ထားကြော်ငြာတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အရေးကြီးပါတယ်။

Securities and Exchange Commission တို့ တင်သွင်းတဲ့အစီရင်ခံစာအရ ကုမ္ပဏီဟာ EU စည်းမျဉ်းသစ်တွေကိုလိုက်နာဖို့ ပျက်ကွက်မယ်ဆိုရင် သမဂ္ဂအတွင်း Facebook နဲ့ Instagram ဝန်ဆောင်မှုတွေပေးဆောင်ခြင်းကို ရပ်တန့်သွားနိုင်ကြောင်း Meta က အဆိုပြုထားပါတယ်။ Meta ရဲ့ Global Affairs ဒုတိယဥက္ကဋ္ဌ Nick Clegg ကတော့ ဒါဟာ ကုမ္ပဏီကပေးအပ်နေတဲ့ ဝန်ဆောင်မှုတွေနဲ့ ကြော်ငြာတွေကိုအားကိုးတဲ့ EU က စီးပွားရေးလုပ်ငန်းအများအပြားအတွက် ထိခိုက်နိုင်တယ်လို့ ဆိုထားပါတယ်။

Meta ဟာ သူ့ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နေ့စဉ်သက်ဝင်အသုံးပြုနေသူတွေကို ဆုံးရှုံးခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ ဘဏ္ဍာရေးအစီရင်ခံစာအရ ကုမ္ပဏီရဲ့စတော့ရှယ်ယာတွေဟာ ၂၅% အထိ ကျဆင်းသွားတာနဲ့ ကြုံတွေ့နေရပါတယ်။ ကုမ္ပဏီဟာ ခက်ခဲတဲ့အချိန်ကာလအချို့နဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena