Meta ကုမ္ပဏီရဲ့ CEO အဖြစ် တာဝန်ယူထားတဲ့ Mark Zuckerberg ဟာ အခုအချိန်မှာ Discord လိုမျိုး Communication App တွေကို ယှဥ်ပြိုင်ဖို့အတွက် Feature တစ်ခုကို စတင်စမ်းသပ်နေပြီဆိုပြီး ကြေညာလိုက်ပါတယ်။ ဒါကတော့ Community Chat Feature ပဲဖြစ်ပြီး Facebook Group တွေအတွက် Messenger ကနေ အသုံးပြုရမှာဖြစ်ပါတယ်။

အဆိုပါ Feature က အဓိကအနေနဲ့ Discord လိုမျိုး Communication Service တွေကို အဓိက ယှဥ်ပြိုင်သွားမှာဖြစ်ပြီး အခြေခံ Feature တွေအနေနဲ့လည်း ဆင်တူမှာဖြစ်ပါတယ်။ အခု Community Chat Feature ကို အသုံးပြုဖို့အတွက် အရင်ဆုံး Facebook Group တွေထဲမှာ ဝင်ရောက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပြီးရင်တော့ Facebook Messenger ကနေတစ်ဆင့် အဆိုပါ Facebook Group ထဲမှာပါဝင်တဲ့ Member တွေကို Community တစ်ခုအနေနဲ့ ဖန်တီးနိုင်မယ်လို့ သိရပါတယ်။ အဆိုပါ Community Chat ထဲမှာ ပုံမှန် Group Chat ပုံစံအတိုင်း Message ကနေတစ်ဆင့် ဆက်သွယ်နိုင်သလို Discord လိုမျိုး Audio နဲ့ Video အနေနဲ့လည်း ဆက်သွယ်မှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်အနေနဲ့ကတော့ Admin တွေအနေနဲ့ Community တွေထဲမှာ Topic တွေကို သတ်မှတ်ပြီး Group ဖွဲ့ထားနိုင်သလို Event Chat တွေ၊ View-only Broadcast တွေ၊ Audio Channel တွေကိုပါ ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ Discord ဟာ လက်ရှိအချိန်မှာ ဂိမ်းဆော့ကစားသူတွေအတွက် အဓိကအသုံးပြုနေရတဲ့ Communication App တစ်ခုဖြစ်လာပေမယ့် Meta ရဲ့ Community Chat Feature ကတော့ Social Media သုံးတဲ့သူတွေအတွက်ပဲ ပိုပြီး ရည်ရွယ်သွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena