Xiaomi ဟာ Mi 10 Lite 5G အား လက်ရှိကမ္ဘာ့အဖွံ့ဖြိုးဆုံး 5G စျေးကွက်တွေထဲက တစ်ခုဖြစ်တဲ့ တောင်ကိုရီးယားမှာ မိတ်ဆက်လာခဲ့ပြီး သူတို့အတွက် ပထမဆုံး တောင်ကိုရီးယားစျေးကွက်ကို မိတ်ဆက်တဲ့ 5G ဖုန်းသာမက အဆိုပါစျေးကွက်ရဲ့ စျေးအချိုဆုံး 5G စမတ်ဖုန်းလည်း ဖြစ်လာပါတယ်။

အခြေခံမော်ဒယ်ရဲ့စျေးနှုန်း ကိုရီးယားဝမ် ၅၄၁,၀၀၀ (မြန်မာငွေ ခြောက်သိန်းတစ်သောင်းခွဲခန့်) သာ ကျသင့်ပြီး ပြိုင်ဘက်တွေဖြစ်တဲ့ ဒေသခံ LG နဲ့ Samsung တို့ထက် သက်သာနေတာပါ။

Mi 10 Lite 5G ဟာ 6.57” FHD+ AMOLED Display ပါဝင်ပြီး 16MP ဆဲလ်ဖီးကင်မရာကို Waterdrop Notch ထဲမှာ ထည့်သွင်းလာပါတယ်။ ကျောဘက်မှာ 48MP အဓိက Sensor ကို 8MP Ultrawide, 2MP Macro, 2MP Depth Sensor တို့နဲ့ တွဲဖက်ထားပါတယ်။

အတွင်းမှာ Snapdragon 765G ချစ်ပ်ဆက်အသုံးပြုထားပြီး 6/8 GB RAM နှစ်မျိုးနဲ့ 256 GB Storage အမြင့်ဆုံးထိ ရရှိနိုင်မှာပါ။ ဘက္ထရီက 4,160 mAh ဖြစ်ပြီး 20W အားသွင်းစနစ်ပါဝင်ပါတယ်။

Ref – GSMArena