Benchmark တိုင်းတာရေး ပလက်ဖောင်းတစ်ခုဖြစ်တဲ့ AnTuTu ဟာ ဧပြီလအတွက် စွမ်းဆောင်ရည်အကောင်းဆုံး စမတ်ဖုန်းစာရင်းကို ထုတ်ပြန်ပေးခဲ့ပြီး ထိပ်ဆုံးမှာ Xiaomi Mi 10 Pro က ဦးဆောင်နေခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ OnePlus 8 Pro နဲ့ Mi 10 ရိုးရိုးဗားရှင်းတို့ ရှိနေပြီး အားလုံးဟာ Snapdragon 865 ချစ်ပ်ဆက်အသစ်ကို သုံးထားတာပါ။

စိတ်ဝင်စားစရာကောင်းတာကတော့ AnTuTu ရဲ့စွမ်းဆောင်ရည်အမြင့်ဆုံး Flagship ဖုန်းဆယ်လုံးစာရင်းမှာ ဒီတစ်ခါတော့ Huawei အမှတ်တံဆိပ်မပါလာခဲ့ဘဲ သက်တမ်းခြောက်လခန့်ရှိပြီဖြစ်တဲ့ Kirin 990 ကို ပြိုင်ဘက်သစ်တွေက ကျော်တက်သွားခဲ့ပုံရပါတယ်။

ထိပ်ဆုံးဆယ်လုံးစာရင်းထဲမှာ ရှေ့ဆင့်နောက်ဆင့်ရပ်တည်နေတဲ့ Samsung Galaxy S20 မိသားစုဝင်လေးဦး ကြားထဲမှာ Asus ROG Phone 2 က ဖြတ်ဝင်နေတာကိုလည်း တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာထွက်ခဲ့တဲ့ OnePlus 7T နဲ့ 7 Pro တို့ကိုလည်း တွေ့ရပေမယ့် OnePlus 8 Vanilla ဗားရှင်းကိုတော့ မမြင်ရပါဘူး။

Midrange စာရင်းထဲမှာလည်း Huawei ဖုန်းတွေ အများအပြားမမြင်ရပေမယ့် ထိပ်ဆုံးက Kirin 810 နဲ့ Nova 7i ဟန်းဆက်ကတော့ ဒုတိယနေရာက Xiaomi Redmi Note 8 Pro ကို 10% လောက်ဖြတ်ပြီး သက်တောင့်သက်သာ ဦးဆောင်နေတာတွေ့ရပါတယ်။ တတိယနေရာမှာတော့ Realme 6 က Realme 6 Pro ကို ကျော်ပြီး ရပ်တည်နေတာကို တွေ့ရမှာပါ။

အခုတလော စမတ်ဖုန်းအသစ်တွေ အများအပြားမိတ်ဆက်လာတဲ့အတွက် လာမယ့်လမှာတော့ AnTuTu စာရင်းမှာ အဖွဲ့ဝင်သစ်တွေ ပိုပြီးတွေ့လာရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSMArena