Xiaomi Mi 5X စမတ်ဖုန်းက မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Xiaomi စမတ်ဖုန်းတွေထဲမှာ အောင်မြင်ခဲ့တဲ့ Mid-Range စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi Mi 6X စမတ်ဖုန်းကို ထပ်မံထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။

အခု ထွက်လာမယ့် Xiaomi Mi 6X စမတ်ဖုန်းဟာလည်း အောင်မြင်တဲ့စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပြီးတော့ Qualcomm Snapdragon 626 Processor ၊ RAM 4GB ၊ ROM 64GB ပါဝင်လာမှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ 5.99″ Full HD+ 18:9 IPS LCD Display ပါဝင်မယ်လို့ သိရပြီးတော့ Camera ပိုင်းအနေနဲ့လည်း 20MP + 8MP Back Camera အပြင် Front Selfie Camera ကလည်း 20MP တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Xiaomi Mi 6X ရဲ့ ကင်မရာက အရင် Mi 5X စမတ်ဖုန်းထက် သိသိသာသာကို ကင်မရာကောင်းမွန်လာမှာပါ။

Battery အနေနဲ့ကတော့ 2910mAh Battery ပါဝင်မှာဖြစ်တဲ့အတွက် အနည်းငယ်နည်းတယ်လို့တောင် ပြောလို့ရပါတယ်။ အခုလိုမျိုး Xiaomi Mi 6X စမတ်ဖုန်းထွက်လာဖို့ရှိတဲ့အတွက် Pure Android One OS နဲ့ Mi A2 လည်း ထွက်လာဖို့ရှိပါတယ်။