Xiaomi ဟာ Mi Mix 2S စမတ်ဖုန်းကို မနေ့တုန်းက ထုတ်ဖော်ပြသခဲ့ပေမယ့်လည်း Xiaomi Mi Series ရဲ့ ၇ ဆက်မြောက်မျိုးဆက်ဖြစ်တဲ့ Mi 7 စမတ်ဖုန်းကိုတော့ ကြေငြာသွားခြင်းမရှိသေးပါဘူး။ အခုအချိန်မှာတော့ Firmware Source Code Files တွေ ထွက်ပေါ်လာပြီးတော့ Mi 7 ရဲ့ Features အသစ်တစ်ခုကိုတွေ့ခဲ့ရပါတယ်။

အခုထွက်ပေါ်လာတဲ့ Source Code အရ Xiaomi ဟာ Mi 7 စမတ်ဖုန်းမှာ In-Display Fingerprint Sensor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ အခုလိုမျိုးသာတကယ် In-Display Fingerprint Sensor ကို အသုံးပြုလာခဲ့ရင် လက်ရှိ Flagship စမတ်ဖုန်းတွေထဲမှာ နည်းပညာအမြင့်ဆုံးဖြစ်လာမှာပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ Xiaomi Mi 7 မှာ အခုလိုမျိုး In-Display Fingerprint Sensor အပြင် Apple iPhone X လိုမျိုး 3D Face Mapping နည်းပညာကို အသုံးပြုမယ့် Face Unlock Sensor စနစ်ကိုပါ ထည့်သွင်းလာဦးမှာပါ။

Xiaomi Mi 7 စမတ်ဖုန်းဟာ Qualcomm Snapdragon 845 Processor ၊ RAM 6GB ၊ Storage 256GB အထိ ပါဝင်လာမှာဖြစ်ပြီးတော့ ကင်မရာပိုင်းအရလည်း အကောင်းဆုံးဖြစ်လာမှာပါ။ ဈေးနှုန်းအရတော့ ဒေါ်လာ ၄၀၀ လောက်ရှိမယ်လို့ ယူဆရပါတယ်။