Zawgyi
Ref: Gizmo China
Unicode
ဘေးဘောင် ပျောက်လုနီးပါး ဒီဇိုင်းနဲ့ Mi 9 ရဲ့ Concept Image
Redmi Note 7 ကို မိတ်ဆက်အပြီး ရောင်းအား အတော်လေးကောင်မွန်နေတဲ့အချိန်မှာ Xiaomi ကနေ နောက်ထပ်ဖုန်းတွေထုတ်ဖို့ စီစဉ်နေပါတယ်။ လောလောဆယ် Xiaomi ကနေ ဆက်ထုတ်ဖို့စီစဉ်နေတဲ့ ဖုန်းနှစ်လုံးကတော့ Redmi Note 7 Pro နဲ့ Mi 9 တို့ပါပဲ။ Redmi Note 7 Pro ကိုတော့ 48MP ရှိတဲ့ Sony IMX Sensor နဲ့အတူ Snapdragon 675 SoC တွေနဲ့ မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်နေပါတယ်။ Mi 9 အတွက် ကတော့ သတင်းတွေသိပ်ထွက်ပေါ်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ Mi 9 ရဲ့ Concept Image တစ်ခုထွက်ပေါ်လို့လာပါတယ်။
ပုံမှာမြင်ရတဲ့ အတိုင်းပဲ ဘေးဘောင် ပျောက်လုနီးပါး အရှေ့ဘက် မျက်နှာပြင်မှာ WaterDrop Notch ကိုထည့်သွင်းပေးထားတာမြင်ရပါတယ်။ 6.4-inch ရှိပြီး Mi 8 မှာလိုပဲ Super AMOLED အမျိုးအစားဖြစ်ကာ Full HD+ Resolution ကိုပဲ အသုံးပြုပေးသွားနိုင်ပါတယ်။ SoC ကတော့ အားလုံးသိထားတဲ့အတိုင်းပဲ Snapdragon 855 ကို RAM 6GB, 8GB, 10GB နဲ့ တွဲဖက်ပေးထားမယ်လို့ သိရပါတယ်။
ကင်မရာအတွက်ကတော့ 48MP ရှိတဲ့ Sony IMX586 Sensor, 18MP Secondary Sensor နဲ့ 8MP Sensor တွေပါဝင်တဲ့ ကင်မရာ သုံးလုံးတွဲ စနစ်ကို အသုံးပြုပေးထားမယ်လို့ ခန့်မှန်းရပါတယ်။ Unlock စနစ်အနေနဲ့ကတော့ In-Display Fingerprint Sensor ကိုတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။
ဘက်ထရီ ပမာဏ 3,500mAh ပါဝင်နိုင်ပြီး Quick Charge 4+ အမြန်အားသွင်းစနစ်ပါဝင်ကာ QC4+ Charger ပါ တစ်ခါတည်း ထည့်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Mi 9 ကို MWC 2019 မှာ စတင် မိတ်ဆက်နိုင်ပြီး စျေးနှုန်းအနေနဲ့ကတော့ Spec အနိမ့်ဆုံးမော်ဒယ်ကို မြန်မာငွေ ခုနစ်သိန်းနီးပါး ရှိနိုင်ပါတယ်။
Ref: Gizmo China