[Zawgyi]

တရုတ္ဝက္ဆုိက္တစ္ခုျဖစ္တဲ့ AnTuTu ဟာ ၿပီးခဲ့တဲ့မတ္လအထိ ထြက္ရွိခဲ့တဲ့ စမတ္ဖုန္းေတြအနက္ Benchmark ရလဒ္အျမင့္ဆုံး စမတ္ဖုန္းဆယ္လုံးစာရင္းကို ထုတ္ျပန္ခဲ့ပါတယ္။ လြန္ခဲ့တဲ့လက ခ်န္ပီယံ Xiaomi Mi 9 ဟန္းဆက္ကို ေက်ာ္လြန္ၿပီး ပထမဆုံးေနရာကို ရယူခဲ့တာကေတာ့ သူ႕ရဲ႕ဗားရွင္းတစ္ခုျဖစ္တဲ့ Mi 9 Explorer ပါပဲ။

လက္ရွိတရုတ္ Database ရဲ႕စာရင္းကိုၾကည့္မယ္ဆုိရင္ စမတ္ဖုန္းဆယ္လုံးမွာ ကုိးခုက 10nm ထက္ ေသးငယ္တဲ့ ခ်စ္ပ္ဆက္ေတြကို အသုံးျပဳထားပါတယ္။ ဒီစာရင္းထဲမွာ မႏွစ္က Snapdragon 845 ကို သုံးထားတဲ့ Nubia Red Magic Mars တစ္ခုသာ က်န္ေတာ့တာပါ။

Xiaomi ရဲ႕ေနာက္ဆုံးထြက္ Flagship ဖုန္းေတြက ထိပ္ဆုံးႏွစ္ေနရာကို သိမ္းပိုက္ထားသလို Vivo ရဲ႕ Gaming စမတ္ဖုန္းအသစ္ကေတာ့ တတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဒါေပမယ့္ 8GB RAM နဲ႔ ပုံမွန္ Vivo iQOO ဗားရွင္းက ဆဌမေနရာမွာသာရွိၿပီးေတာ့ 12 GB RAM ပါဝင္တဲ့ Monster Edition ကသာ တတိယေနရာကို ေရာက္ေနတာပါ။

iQOO ဖုန္းႏွစ္လုံးရဲ႕ၾကားထဲက စတုတၳနဲ႔ ပဥၥမေနရာေတြကိုေတာ့ Samsung Galaxy S10 နဲ႔ S10+ တုိ႔က အသီးသီး ေနရာယူထားျပန္ပါတယ္။ Galaxy S10 ဖုန္းေတြဟာ Snapdragon 855 နဲ႔ စမ္းသပ္ထားတဲ့ ရလဒ္ေတြလား၊ Exynos 9820 နဲ႔စမ္းသပ္ထားတာလား ဆုိတာကိုေတာ့ မသိရပါဘူး။

Galaxy S10 စမတ္ဖုန္းေတြရဲ႕ ေဘးမွာ AnTuTu မွတ္ခ်က္ေပးထားတာကေတာ့ ဒီဖုန္းေတြဟာ မႏွစ္က Galaxy S9 ဖုန္းေတြထက္ အဆမ်ားစြာ ပိုျမင့္မားလာတယ္ ဆုိတာေၾကာင့္ ဒီႏွစ္မွာလည္း Galaxy S10 ဖုန္းေတြဟာ ဆက္ၿပီး အေျခအေနေကာင္းဦးမယ့္ ပုံပါပဲ။ ဒါ့အျပင္ Huawei P30 Pro, Oppo Reno နဲ႔ Meizu 16s တုိ႔လို Flagship ေတြလည္း ဒီစာရင္းထဲကို ေရာက္လာဖို႔ ရွိေသးတယ္ဆုိတာကို သတိေပးထားပါေသးတယ္။

Ref – GSM Arena

[Unicode]

တရုတ်ဝက်ဆိုက်တစ်ခုဖြစ်တဲ့ AnTuTu ဟာ ပြီးခဲ့တဲ့မတ်လအထိ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေအနက် Benchmark ရလဒ်အမြင့်ဆုံး စမတ်ဖုန်းဆယ်လုံးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့လက ချန်ပီယံ Xiaomi Mi 9 ဟန်းဆက်ကို ကျော်လွန်ပြီး ပထမဆုံးနေရာကို ရယူခဲ့တာကတော့ သူ့ရဲ့ဗားရှင်းတစ်ခုဖြစ်တဲ့ Mi 9 Explorer ပါပဲ။

လက်ရှိတရုတ် Database ရဲ့စာရင်းကိုကြည့်မယ်ဆိုရင် စမတ်ဖုန်းဆယ်လုံးမှာ ကိုးခုက 10nm ထက် သေးငယ်တဲ့ ချစ်ပ်ဆက်တွေကို အသုံးပြုထားပါတယ်။ ဒီစာရင်းထဲမှာ မနှစ်က Snapdragon 845 ကို သုံးထားတဲ့ Nubia Red Magic Mars တစ်ခုသာ ကျန်တော့တာပါ။

Xiaomi ရဲ့နောက်ဆုံးထွက် Flagship ဖုန်းတွေက ထိပ်ဆုံးနှစ်နေရာကို သိမ်းပိုက်ထားသလို Vivo ရဲ့ Gaming စမတ်ဖုန်းအသစ်ကတော့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် 8GB RAM နဲ့ ပုံမှန် Vivo iQOO ဗားရှင်းက ဆဌမနေရာမှာသာရှိပြီးတော့ 12 GB RAM ပါဝင်တဲ့ Monster Edition ကသာ တတိယနေရာကို ရောက်နေတာပါ။

iQOO ဖုန်းနှစ်လုံးရဲ့ကြားထဲက စတုတ္ထနဲ့ ပဉ္စမနေရာတွေကိုတော့ Samsung Galaxy S10 နဲ့ S10+ တို့က အသီးသီး နေရာယူထားပြန်ပါတယ်။ Galaxy S10 ဖုန်းတွေဟာ Snapdragon 855 နဲ့ စမ်းသပ်ထားတဲ့ ရလဒ်တွေလား၊ Exynos 9820 နဲ့စမ်းသပ်ထားတာလား ဆိုတာကိုတော့ မသိရပါဘူး။

Galaxy S10 စမတ်ဖုန်းတွေရဲ့ ဘေးမှာ AnTuTu မှတ်ချက်ပေးထားတာကတော့ ဒီဖုန်းတွေဟာ မနှစ်က Galaxy S9 ဖုန်းတွေထက် အဆများစွာ ပိုမြင့်မားလာတယ် ဆိုတာကြောင့် ဒီနှစ်မှာလည်း Galaxy S10 ဖုန်းတွေဟာ ဆက်ပြီး အခြေအနေကောင်းဦးမယ့် ပုံပါပဲ။ ဒါ့အပြင် Huawei P30 Pro, Oppo Reno နဲ့ Meizu 16s တို့လို Flagship တွေလည်း ဒီစာရင်းထဲကို ရောက်လာဖို့ ရှိသေးတယ်ဆိုတာကို သတိပေးထားပါသေးတယ်။

Ref – GSM Arena