[Zawgyi]

Xiaomi ဟာ သူတုိ႔ရဲ႕ Mi 9 စမတ္ဖုန္းကို တစ္ကမာၻလုံးသို႔ စုစုေပါင္း အလုံးေရတစ္သန္း တင္ပို႔ႏုိင္ခဲ့ေၾကာင္း ေၾကျငာေအာင္ပြဲခံခဲ့ပါတယ္။ ဒီဖုန္းကို ေဖေဖာ္ဝါရီလေႏွာင္းပိုင္းမွာ မိတ္ဆက္ခဲ့တာ ျဖစ္တဲ့အတြက္ တစ္လဝန္းက်င္အတြင္းမွာ ဒီပမာဏကို ေရာက္ရွိႏုိင္ခဲ့တာပါ။

ဒါ့အျပင္ Mi 9 SE စမတ္ဖုန္းဗားရွင္းကိုပါ ထည့္တြက္မယ္ဆုိရင္ေတာ့ တင္ပို႔မႈဟာ ၁.၅ သန္းထိ တုိးျမင့္သြားမွာျဖစ္ပါတယ္။ ဒီထဲမွာ အထူးဗားရွင္းအေနနဲ႔ထုတ္လုပ္တဲ့ Explorer ဗားရွင္းလည္း ထည့္သြင္းတြက္ခ်က္ထားပါတယ္။ ဒါေပမယ့္ Mi 9 SE ဖုန္းကို ဂလိုဘယ္ေစ်းကြက္သို႔ေတာင္ မတင္ပုိ႔ရေသးဘဲ တရုတ္ျပည္တြင္းမွာသာ ေရာင္းခ်ရေသးတာကို ထည့္တြက္ရင္ အံ့အားသင့္စရာ ရလဒ္ပဲ ျဖစ္ေနဦးမွာပါ။

မႏွစ္က Mi 8 စီးရီးကို ေရာင္းခ်ခဲ့စဥ္မွာ Mi 8 မူရင္းဟန္းဆက္သာမက Explorer နဲ႔ SE ဗားရွင္းေတြပါ ထည့္တြက္ရင္ သုံးပတ္အခ်ိန္အတြင္း လုံးေရတစ္သန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ ေလးလၾကာကာလအတြင္းမွာေတာ့ စုစုေပါင္းလုံးေရ ေျခာက္သန္းထိ ေရာင္းခ်ႏုိင္ခဲ့တာပါ။

သိပ္မၾကာေသးခင္ကလည္း Xiaomi ရဲ႕အမွတ္တံဆိပ္ခြဲ Redmi Note 7 ဖုန္းဟာ တစ္လအတြင္းမွာ ယူနစ္တစ္သန္း တင္ပို႔ေရာင္းခ်ႏုိင္ခဲ့ပါေသးတယ္။ Xiaomi ကုမၸဏီဟာ မၾကာခင္ တည္ေထာင္လာတဲ့သက္တမ္း ကိုးႏွစ္ျပည့္ေတာ့မွာျဖစ္ၿပီး အိႏၵိယနဲ႔ တရုတ္ေစ်းကြက္ေတြမွာေတာ့ အထူးပရုိမုိးရွင္းေတြနဲ႔ ပြဲခံသြားဖို႔ ရွိပါတယ္။

Ref – GSM Arena

[Unicode]

Xiaomi ဟာ သူတို့ရဲ့ Mi 9 စမတ်ဖုန်းကို တစ်ကမ္ဘာလုံးသို့ စုစုပေါင်း အလုံးရေတစ်သန်း တင်ပို့နိုင်ခဲ့ကြောင်း ကြေငြာအောင်ပွဲခံခဲ့ပါတယ်။ ဒီဖုန်းကို ဖေဖော်ဝါရီလနှောင်းပိုင်းမှာ မိတ်ဆက်ခဲ့တာ ဖြစ်တဲ့အတွက် တစ်လဝန်းကျင်အတွင်းမှာ ဒီပမာဏကို ရောက်ရှိနိုင်ခဲ့တာပါ။

ဒါ့အပြင် Mi 9 SE စမတ်ဖုန်းဗားရှင်းကိုပါ ထည့်တွက်မယ်ဆိုရင်တော့ တင်ပို့မှုဟာ ၁.၅ သန်းထိ တိုးမြင့်သွားမှာဖြစ်ပါတယ်။ ဒီထဲမှာ အထူးဗားရှင်းအနေနဲ့ထုတ်လုပ်တဲ့ Explorer ဗားရှင်းလည်း ထည့်သွင်းတွက်ချက်ထားပါတယ်။ ဒါပေမယ့် Mi 9 SE ဖုန်းကို ဂလိုဘယ်ဈေးကွက်သို့တောင် မတင်ပို့ရသေးဘဲ တရုတ်ပြည်တွင်းမှာသာ ရောင်းချရသေးတာကို ထည့်တွက်ရင် အံ့အားသင့်စရာ ရလဒ်ပဲ ဖြစ်နေဦးမှာပါ။

မနှစ်က Mi 8 စီးရီးကို ရောင်းချခဲ့စဉ်မှာ Mi 8 မူရင်းဟန်းဆက်သာမက Explorer နဲ့ SE ဗားရှင်းတွေပါ ထည့်တွက်ရင် သုံးပတ်အချိန်အတွင်း လုံးရေတစ်သန်း ရောင်းချနိုင်ခဲ့ပါတယ်။ လေးလကြာကာလအတွင်းမှာတော့ စုစုပေါင်းလုံးရေ ခြောက်သန်းထိ ရောင်းချနိုင်ခဲ့တာပါ။

သိပ်မကြာသေးခင်ကလည်း Xiaomi ရဲ့အမှတ်တံဆိပ်ခွဲ Redmi Note 7 ဖုန်းဟာ တစ်လအတွင်းမှာ ယူနစ်တစ်သန်း တင်ပို့ရောင်းချနိုင်ခဲ့ပါသေးတယ်။ Xiaomi ကုမ္ပဏီဟာ မကြာခင် တည်ထောင်လာတဲ့သက်တမ်း ကိုးနှစ်ပြည့်တော့မှာဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်ဈေးကွက်တွေမှာတော့ အထူးပရိုမိုးရှင်းတွေနဲ့ ပွဲခံသွားဖို့ ရှိပါတယ်။

Ref – GSM Arena