Google နဲ့ Xiaomi တို့ အတူပူးပေါင်းပြီးထုတ်လုပ်ထားတဲ့ Xiaomi Mi A1 စမတ်ဖုန်းက အခုအချိန်မှာ ရောင်းအားကောင်းတဲ့အလယ်အလတ်တန်းစားဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။

Xiaomi ကနေ ဒီနှစ်မကုန်ခင်မှာ Mi A1 စမတ်ဖုန်းကို Android Version 8.0 Oreo ကို Update ပြုလုပ်ပေးမယ်လို့ ပြောကြားခဲ့ပြီး အခုအချိန်မှာ Android Oreo Beta ကို စတင်စမ်းသပ်နေပြီပဲဖြစ်ပါတယ်။ အခုလိုမျိုးစမ်းသပ်နေတာက Android 8.0 Oreo အပြင် အသုံးပြုသူတွေ နှစ်ခြိုက်ကြမယ့် Features တစ်ခုလည်း ပါဝင်လာမှာဖြစ်ပါတယ်။

အဆိုပါ Feature ကတော့ Fast Charging စနစ်ပဲဖြစ်ပြီး ယခင်က Mi A1 ဖုန်းဟာ အားအမြန်သွင်းနိုင်တဲ့စနစ်ကို Support လုပ်ခြင်းမရှိပဲ အခု Android Oreo Update မှာမှ Fast Charging စနစ်ကို အသုံးပြုလာနိုင်မယ်လို့ သိရပါတယ်။

Xiaomi ကနေ အခု Fast Charging စနစ်ပါ ပါဝင်လာမယ့် Android 8.0 Oreo Update ကို ဒီနှစ်မကုန်ခင်မှာ Update ထုတ်ပေးသွားမှာဖြစ်ပြီး Mi A1 နဲ့ Hardware ပိုင်းတူညီတဲ့ Mi 5X ဖုန်းပါ Fast Charging ရနိုင်မလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။