ပြီးခဲ့တဲ့နှစ်တုန်းက Razer စမတ်ဖုန်းဟာ Android ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အမြင့်မားဆုံးဖြစ်ခဲ့ပြီး Qualcomm Snapdragon 835 Processor ၊ 8GB RAM တို့အပြင် 120Hz Quad HD Display တွေကြောင့် ၂၀၁၇ ခုနှစ်ရဲ့ Gaming ဖုန်းလို့ ခေါ်ဆိုနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုနှစ် ၂၀၁၈ မှာတော့ Xiaomi ကနေ အဆိုပါ Gaming Phone ဆိုတဲ့နေရာကို Blackshark လို့ နာမည်ပေးထားတဲ့ ဖုန်းတစ်လုံးနဲ့ နေရာလုယူဖို့ကြိုးစားနေပြီပဲဖြစ်ပါတယ်။ အခု Xiaomi ရဲ့ Blackshark ဖုန်းအကြောင်းကို Antutu Benchmark ကနေ တစ်ဆင့်သိရှိခဲ့ရတာဖြစ်ပြီး အဆိုပါ ဖုန်းဟာ Antutu Benchmark မှာ 270,680 Points အထိ ရရှိတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့နှစ်တုန်းက Razer ဖုန်းထက် ရမှတ် Points ၁ သိန်းကျော်ပိုပြီး များပြားနေတာဖြစ်ပါတယ်။ အခုလို ရမှတ်ဟာ Qualcomm Snapdragon 845 Processor ပဲ အသုံးပြုလာမယ့် Samsung Galaxy S9 ဖုန်းထက်တောင် ပိုပြီးမြင့်မားနေပါသေးတယ်။

Xiaomi ရဲ့ Blackshark စမတ်ဖုန်းဟာ Qualcomm Snapdragon 845 Processor ၊ Andreno 630 GPU ၊ 8GB RAM ၊ 32GB Storage နဲ့ Android Oreo ဖြင့်မောင်းနှင်တဲ့စမတ်ဖုန်းဖြစ်ပြီး အခုလိုမျိုး မြင့်မားတဲ့စွမ်းဆောင်ရည်တွေကြောင့်လည်း စိတ်လှုပ်ရှားစရာဖြစ်နေတာပါ။

အခု Xiaomi Blackshark ဖုန်းဟာ လက်ရှိအချိန်မှာ ခေတ်စားနေတဲ့ 18:9 Ratio Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ ဒီဇိုင်းအလှလည်း လက်ရှိ Xiaomi ဖုန်းတွေကနေ ကွဲထက်နေမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အခု Xiaomi Blackshark စမတ်ဖုန်းဟာ Mi 7 ရဲ့ Codename လည်း ဖြစ်နေနိုင်တဲ့အတွက် ဖုန်း Series အသစ်လား၊ Mi 7 ပဲလားဆိုတာကတော့ အတိအကျမသိနိုင်သေးပါဘူး။